မြန်မာ့ တာယာကို ဘရာဇီးကဝယ်ယူရန် ကမ်းလှမ်း

မြန်မာနိုင်ငံကထုတ်တဲ့ တာယာကို ဘရာဇီးကုမ္ပဏီတစ်ခုဖြစ်တဲ့ Sunamerica ကုမ္ပဏီက ဝယ်ယူဖို့ ကမ်းလှမ်း ထားတယ်လို့ မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ကသိရပါတယ်။ မြန်မာနိုင်ငံကဈေးကွက်ထဲမှာ ရရှိနိုင်မယ့် ကားတာယာတွေ၊ အထူးသဖြင့် အချင်းဝက် ၁၃ လက်မ၊ ၁၄ လက်မနဲ့ ထရပ်ကား တာယာတွေကို ဝယ်ယူဖို့ စိတ်ဝင်စားတာဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီကုမ္ပဏီဟာ သီရိလင်္ကာ၊ တရုတ်၊ ပါကစ္စတန်နိုင်ငံတွေက မော်တော်ဆိုင်ကယ်နဲ့ စက်ဘီးတာယာတွေ ဝယ်ယူတင်သွင်းနေတာဖြစ်တယ်လို့လည်း သိရပါတယ်။ မြန်မာနိုင်ငံက ကားတာယာထုတ်လုပ်တဲ့ စက်ရုံတွေ အနေနဲ့ ဘရာဇီးနိုင်ငံကို ကားတာယာတင်ပို့လိုရင် ပူးပေါင်းဆောင်ရွက်နိုင်တယ်လို့ အဆိုပြုကမ်းလှမ်း လာတာဖြစ်ပြီး စိတ်ဝင်စားတဲ့ကုမ္ပဏီတွေအနေနဲ့ တာယာတင်ပို့ ရောင်းချလိုရင် မြန်မာ့ကုန်သွယ်မှုမြှင့် တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲကို ချိတ်ဆက်ဆောင်ရွက် နိုင်တယ်လို့ သိရပါတယ်။