လျှပ်စစ်ယာဉ်ပြေးဆွဲရန် လိုအပ်မှုများဆောင်ရွက်မည်

လျှပ်စစ်သုံးယာဉ်တွေ ပြေးဆွဲဖို့လိုအပ်တဲ့ အခြေခံအဆောက်အအုံတွေကို အကောင်အထည်ဖော် ဆောင်ရွက်ရမှာ ဖြစ်တယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေက ပြောပါတယ်။ ဇူလိုင်(၂၆)ရက်က နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ လျှပ်စစ်သုံးယာဉ်များ ပြေးဆွဲအသုံးပြုရေးနှင့်အခြေခံ အဆောက်အအုံများ အကောင်အထည်ဖော်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးမှာ အခုလို ပြောကြားခဲ့တာပါ။ လျှပ်စစ်ယာဉ်တွေ အသုံးပြုနိုင်ဖို့အတွက် Charging Station၊ ကားပါကင်၊ ဈေးဝယ်စင်တာ၊ အဝေးပြေးလမ်းတွေမှာ အလွယ်တကူအားဖြည့်နိုင်ဖို့ အခြေခံအဆောက်အအုံတွေ ဆောင်ရွက်ရမှာြဖစ်တယ်လို့ ဆိုပါတယ်။ အဲဒီလိုဆောင်ရွက်ရာမှာ လုပ်ငန်းကော်မတီအနေနဲ့ ယာဉ်မောင်းသူတွေနဲ့ စီးနင်းသူတွေ ဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ အချက်တွေကိုလည်း ထည့်သွင်းစဉ်းစားရမယ်လို့ ပြောကြားခဲ့ပါတယ်။ လျှပ်စစ်သုံးယာဉ်တွေ ပြေးဆွဲ အသုံးပြုရေးနဲ့ အခြေခံအဆောက်အအုံတွေ အကောင်အထည်ဖော်ရေး ကော်မတီအနေနဲ့ တာဝန်(၅)ရပ် ချမှတ်ပြီး ဆောင်ရွက်နေတယ်လို့ သိရပါတယ်။  onenews