မာတီနက်ဇ်ကို ပေါင်(၄၅)သန်းဖြင့် မန်ယူ ခေါ်မည်
ပရီးမီးယားလိဂ်ကလပ် မန်ယူအသင်းဟာ အားနည်းနေတဲ့ခံစစ်ပိုင်းကို အားဖြည့်ဖို့အတွက် အာဂျင်တီးနား နောက်ခံလူ လီဆန်ဒရိုမာတီနက်ဇ်ကို ပေါင်(၄၅)သန်းနဲ့ ခေါ်ယူတော့မှာ ဖြစ်ပါတယ်။ အသက်(၂၄)နှစ်အရွယ် မာတီနက်ဇ်ဟာ မန်ယူနည်းပြသစ် တန်ဟတ်လက်ထက် ၂၀၁၉ ခုနှစ်မှာ နယ်သာလန်ကလပ် အေဂျက်ဇ်ဆီ ရောက်ရှိခဲ့သူပါ။ (၃)ရာသီအတွင်း ပွဲပေါင်း(၁၂၀)ကစားကာ (၆)ဂိုးသွင်းယူနိုင်ခဲ့တဲ့ မာတီနက်ဇ်အတွက် အသင်း (၂)သင်းကြား သဘောတူညီမှုရခဲ့ပြီလည်းဖြစ်ပါတယ်။ လက်ရှိမှာတော့ မာတီနက်ဇ်အနေနဲ့ ဆေးစစ်ဖို့အတွက် မန်ချက်စတာဆီ ရောက်ရှိနေသလို ဗီဇာအခက်အခဲကြောင့် ဩစတြေးလျခြေစမ်းခရီးကို မလိုက်ပါနိုင်ခဲ့တာပါ။
မန်ယူအသင်းအနေနဲ့ နည်းပြသစ်တန်ဟတ်လက်ထက်မှာ ဖီယင်နုနောက်ခံလူ မာလာစီယာ နဲ့ ဒိန်းမတ် ကွင်းလယ်လူ အဲရစ်ဆင် တို့ကို ခေါ်ယူထားပြီး ဖြစ်ပါတယ်။