“ဒဂုံတောင်ပြည်ခိုင်ဖြိုးပါတီမှ မိဘပြည်သူများကျန်းမာရေး ကာကွယ်စောင့်ရှောက်မှု ပေးနိုင်ရန် ပိုးသတ်ဆေးများ ပက်ဖြန်းလျှက်ရှိ”

 

အောက်တိုဘာ ၂၀၂၀ ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ မြို့နယ်အတွင်း ကိုရိုနာဗိုင်းရပ် ကူးစက်ပြန့်ပွားမှုကို ကာကွယ်ထိန်းချုပ် တားဆီးနိုင်ရန်အတွက် ကြိုးပမ်းဆောင်ရွက်မှုအဖြစ် ရပ်ကွက်အသီးသီးသို့ နေ့စဉ်ပိုးသတ်ဆေးများ ပက်ဖြန်း ပေးလျှက်ရှိရာ ယမန်နေ့တွင် အမှတ် (၂၂) ရပ်ကွက်မှ ရပ်ကွက်အပိုင်ရာအိမ်မှုးများ မိဘပြည်သူများ၏ တောင်းဆိုမှုအရ ကိုရိုနာဗိုင်းရပ် ကူးစက်လူနာများ နေထိုင်ခဲ့ရာလမ်းနှင့် အနီးပတ်ဝန်းကျင် လမ်းများဖြစ်သော မြတ်လေးလမ်းမ၊ မြတ်လေး(၃) (၄) (၅) (၆) (၇) (၈) လမ်းများ ၊ နွယ်နီပတ်လမ်း ၊ ရတနာပုံလမ်းမ တို့ကို ပိုးသတ်ဆေးများပက်ဖြန်းပေးခဲ့ရာ ပါတီဝင်များ အမောပန်းပြေစေရေး သောက်သုံးနိုင်ရန်အတွက် ရပ်ကွက်နေ ပြည်သူများမှ အချိုရည်ဗူးများ နှင့် ရေသန့်ဘူးများပြန်လည်လှုဒါန်းပေးခဲ့ပါသည်။

အဆိုပါ ဆေးဖြန်းခြင်းလုပ်ငန်းများကို မြို့နယ်ပါတီဥက္ကဌ (တိုင်းဒေသကြီး(၂)လွှတ်တော် ကိုယ်စားလှယ်လောင်း) ဒေါ်စမ်းစမ်းဌေး၏ စီမံမှုဖြင့်  မြို့နယ်ပါတီအကြံပေးပုဂ္ဂိုလ် ဦးမြင့်ဦး ၊ မြို့နယ်ပါတီဘဏ္ဏာရေးမှုး ဦးစိန်သန်းတို့မှ ဦးဆောင်၍ မြို့နယ်ကော်မတီဝင်များ ဖြစ်ကြသော ဦးကျော်ကျော် ၊ဦးခင်မောင်ဝင်းတို့မှ အရန်ကော်မတီဝင်များ လူငယ်အဖွဲ့ဝင်များနှင့် ရပ်ကွက်အပိုင်တာဝန်ရှိသူ ရပ်မိရပ်ဖများဖြင့် ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရှိရပါသည်။Arkar(S/Dagon)