ပြည်ခိုင်ဖြိုးပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်းများ ပါတီလူငယ်များအား တွေ့ဆုံပညာပေး

 

September 29, 2020

ပျော်ဘွယ်မြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် အမှတ်(၁) ဦးတင်စိုးနှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးမောင်မောင်မြင့်တို့သည် ယမန်နေ့ ပျော်ဘွယ်မြို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးရုံးတွင် ပျော်ဘွယ်မြို့နယ်မှ ပြည်ခိုင်ဖြိုးပါတီဝင် လူငယ်များနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် ပျော်ဘွယ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေး၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် အမှတ် (၁) ဦးတင်စိုးနှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမောင် မောင်မြင့်တို့မှ ပြည်ခိုင်ဖြိုးပါတီဝင် လူငယ်များအား ရွေးကောက်ပွဲတွင် ဆန္ဒမဲမှန်မှန်ကန်ကန်ပေးနိုင်ရေး၊ ပယ်မဲ မဖြစ်စေရေး၊ ပြည်ခိုင်ဖြိုးပါတီ အောင်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရေး၊ ရွေးကောက်ပွဲတွင် မဲဆန္ဒရှင် များအား လွယ်လွယ်ကူကူ မဲပေးနိုင်ရန် ကူညီဆောင်ရွက်ပေးရေး စသည်တို့ကို ပညာပေးရှင်းလင်း ပြောကြား ခဲ့သည်။ လူငယ်များမှ တင်ပြဆွေးနွေးမှုအပေါ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးမှ ပြည်ခိုင်ဖြိုး ပါတီဝင် လူငယ်များ၏ ဆောင်ရွက်နေမှုများကို အားရကျေနပ်မိကြောင်းနှင့် ပါတီအောင်နိုင်ရေးအတွက် ဆောင်ရွက်ပေးနေသည့် လူငယ်များကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။#Myanmar_Online_News