ညောင်လေးပင်မြို့နယ်အတွင်းရှိ ကျေးရွာများသို့ ကိုဗစ်-19 ဥပဒေနှင့်အညီ တစ်အိမ်တက်ဆင်း (Door to Door) စနစ်ဖြင့် မဲဆွယ်စည်းရုံးရေးဆောင်ရွက်

 

ညောင်လေးပင်၊ စက်တင်ဘာ ၂၈

ညောင်​လေးပင်မြို့နယ်အတွင်းရှိ ကျေးရွာများသို့ ယမန်နေ့မနက် ၈ နာရီချိန်မှ စတင်၍ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကိုယ်စားလှယ်​လောင်းများ၏ မဲဆွယ်စည်းရုံး​ရေးခရီးစဉ်ကို ကိုဗစ် -19 ​ဥပ​ဒေနှင့်အညီ မဲဆွယ် စည်းရုံးခဲ့ကြသည်။

လွှတ်တော်ကိုယ်စားလှယ်လောင်းများသည် ညောင်လေးပင်မြို့နယ်အတွင်းရှိ ​အထက်မိုးခို၊ အောက်မိုးခို၊ ရွှေခဲစု၊ အင်းပုဝါ၊ အင်းကျိုက်၊ ဂွေးကုန်း၊ ကောက်မယ်သူ၊ ချုံအင်း၊ အင်ကုန်းကျေးရွာများသို့ သွား​ရောက်ပြီး တစ်အိမ် တက်ဆင်း (Door to Door) စနစ်ဖြင့် လက်ကမ်းစာစောင်များ ဝေငှ၍ စည်းရုံးရေး ဆင်းခဲ့ကြသည်။

မဲဆွယ်စည်းရုံးရေးသို့ ညောင်လေးပင်မြို့နယ် ပြည်သူလွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာသန့်ဇော်လွင်၊ မြို့နယ်၊ ရပ်ကွက်/ကျေးရွာ ကော်မတီဝင်များနှင့် ဒေသခံလူငယ်များ လိုက်ပါခဲ့ကြသည်။

Waiyan