ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစုပင်လုံ စတုတ္ထအကြိမ်မြောက် ညီလာခံဖွင့်ပွဲသို့ ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌနှင့် ဗဟိုအလုပ်အမှုဆောင်များ တက်ရောက်
သြဂုတ် ၁၉၊ နေပြည်တော်
၂၀၂၀ ခုနှစ်၊ သြဂုတ်လ ၁၉ ရက်နေ့တွင် နေပြည်တော်ရှိ MICC-2 တွင် ကျင်းပပြုလုပ်သည့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစုပင်လုံ စတုတ္ထအကြိမ်မြောက် ညီလာခံဖွင့်ပွဲသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးသန်းဌေး၊ ဗဟိုအလုပ်အမှုဆောင်များဖြစ်ကြသော ဦးမြင့်စိုး၊ ဒေါက်တာအောင်မြတ်ဦး၊ ကျောင်းကုန်းမြို့နယ် ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဦးသိန်းထွန်းနှင့် ပါတီဗဟိုကော်မတီဝင် ရန်ကုန်တိုင်း ဒေသကြီး ပါတီကော်မတီဝင် ဒေါ်မိုးမိုးအိတို့ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။