LMA တစ်နှစ်တာအကောင်းဆုံးနည်းပြဆုအတွက် ဂျာဂင်ကလော့ပ် ဝမ်းမြောက်

လီဗာပူးနည်းပြ ဂျာဂင်ကလော့ပ်မှာ LMA(League Manager Association) တစ်နှစ်တာအကောင်းဆုံးနည်းပြဆုကို ရရှိခဲ့ခြင်းအတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်းပြောကြားသွားခဲ့သည်။ ဂျာဂင်ကလော့ပ်မှာ လက်ရှိချန်ပီယံ မန်စီးတီးအသင်းကို ၁၈ မှတ်ဖြတ်ပြီး လီဗာပူးအသင်းကို နှစ်ပေါင်း ၃၀ အကြာစောင့်ဆိုင်းခဲ့ရသည့် အမှတ်ပေးချန်ပီယံဆုကို ပြန်လည်ရယူပေးနိုင်ခဲ့ခြင်းကြောင့် LMA တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ရရှိသွားခဲ့ခြင်းဖြစ်သည်။ အဆိုပါဆုကို မန်ယူဂန္ထဝင်နည်းပြဖြစ်သည့် ဆာအဲလ်စ်ဖာဂူဆန်က ၅ ကြိမ်ရယူနိုင်ခဲ့ပြီး အကြိမ်အများဆုံးရယူထားနိုင်ခဲ့သည့် ဆုဖြစ်ခြင်းကြောင့် အလွန်ပဲ ဝမ်းမြောက်မိသည်ဟု ပြောကြားသွားခဲ့သည်။ ဂျာဂင်ကလော့ပ်က  League Manager Association ရဲ့ တစ်နှစ်တာအကောင်းဆုံးနည်းပြ ဆုကိုရယူနိုင်ခဲ့လို့ ဝမ်းမြောက်မိပါတယ်။ ဒီဆုက ကျွန်တော်လေးစားအားကျမိတဲ့ နည်းပြကြီး ဆာအဲလ်စ်ဖာဂူဆန်အတွက် ထူးခြားတဲ့ဆုဖြစ်ပါ။ ပြီးတော့ ကျွန်တော့်ကို မဲပေးခဲ့ကြသူတွေက ကျွန်တော်ရဲ့ နည်းပြအပေါင်းအဖော်တွေဖြစ်နေတာကြောင့် ဒီဆုကိုရလိုက်တာ သိပ်ကိုထူးခြားပါတယ်။ ဒီဆုကို ကျွန်တော့်ရှေ့က လီဗာပူးနည်းပြဟောင်းတွေဖြစ်ခဲ့ကြတဲ့ ဘီလ်ရှန်ကလေ၊ ဘော့ဘ်ပီယာစလေ၊ ဂျိုးဖာဂန်၊ ဆာကင်နီဒဲလ်ဂလစ်ရှ်နဲ့ နောက်ဆုံး ဘရန်ဒန်ရော်ဂျာတို့ ရယူနိုင်ခဲ့တာကြောင့်လည်း ကျွန်တော့်အတွက် ဂုဏ်ယူစရာဖြစ်ရပါတယ်။ ဒီရာသီမှာ ကျွန်တော့်ရဲ့ နည်းပြအဖွဲ့ကိုလည်း ချန်ထားခဲ့မယ်ဆိုရင်လည်း လီဗာပူးအသင်းအတွက် ပြီးပြည့်စုံစေမှာမဟုတ်ဘူး။ သူတို့က ကျွန်တော်တို့အတွက် အကောင်းဆုံး ဘောလုံးဦးနှောက်တွေကို ဖန်တီးပေးခဲ့ကြသူတွေပါ။ ကျွန်တော့်ရဲ့ နည်းပြတွေနဲ့အလုပ်အတူတူလုပ်ရတာကို ချစ်တယ်။ ကစားသမားတွေနဲ့ အသင်းမှာရှိတဲ့ တစ်ယောက်ဆီတိုင်းနဲ့အတူလက်တွဲရတာကို နှစ်သက်တယ်။ အသင်းကို အားပေးခဲ့ကြတဲ့ ပရိသတ်တွေကိုလည်း ကျေးဇူးတင်တယ်  ဟု ပြောသွားခဲ့သည်။  onenews