သန်းကြွယ်သူဌေးဖြစ်သွားတဲ့ တန်ဇန်းနီးယား ကျောက်တူးသမား

တန်ဇန်းနီးယား နိုင်ငံသား အသေးစားသတ္တုတွင်းပိုင်ရှင်တစ်ဦး သည် Tanzanite  ကျောက်မျက် အရိုင်းတုံးကြီး နှစ်တုံးအား ရောင်းချပြီးနောက် ညတွင်းချင်းပင် သန်းကြွယ်သူဌေးတစ်ဦးဖြစ်သွားခဲ့ကြောင်း ဘီဘီစီသတင်းဌာနက ဖော်ပြသည်။ အလေးချိန် ၃၃ ပေါင်ရှိ ကျောက်မျက်ရတနာများအတွက် တန်းဇန်းနီးယား သတ္တုတွင်းဝန် ကြီးဌာနက အသေးစားသတ္တုတွင်း ပိုင်ရှင်Saniniu Laizer အား အမေ ရိကန်ဒေါ်လာ ၃ ဒသမ ၄သန်း ပေးခဲ့သည်။ ၄င်းကျောက်မျက် ရတနာတုံးများသည် နိုင်ငံတွင်း၌ ရှာဖွေတွေ့ရှိခဲ့သော ကျောက်မျက် ရတနာများထဲ၌ အရွယ်အစား အကြီးဆုံးဖြစ်ခဲ့သည်။ ”မနက် ဖြန်မှာပါတီပွဲအကြီးကြီးလုပ်မယ်” ဟု ကလေးအယောက် ၃ဝ၏ ဖခင်ဖြစ်သူMr.Laizer ကပြောကြား ခဲ့သည်။ Tanzanite  ကျောက်မျက် ရတနာများကို တန်ဇန်းနီးယားနိုင်ငံ မြောက်ပိုင်းတွင်သာ တွေ့ရှိရလေ့ ရှိပြီး ရတနာအဆင်တန်ဆာအဖြစ် အသုံးပြုကြသည်။ Tanzanite  ကျောက်မျက်ရတနာများသည် ကမ္ဘာပေါ်တွင် အရှားပါးဆုံးသော ကျောက်မျက်ရတနာများထဲတွင် တစ်ခု အပါအဝင် ဖြစ်ပြီး ဒေသခံ ဘူမိဗေဒပညာရှင် တစ်ဦးက ၄င်း ကျောက်မျက်ရတနာများသည် လာမည့်နှစ်ပေါင်း ၂ဝ အတွင်း လုံးဝကုန်ခန်းသွားဖွယ်ရှိသည် ဟု ပြောသည်။ Tanzanite  ကျောက်မျက်များသည် အစိမ်း ရောင်၊ အနီရောင်၊ ခရမ်းရောင်နှင့် အပြာရောင်အပါအဝင် အရောင် အမျိုးမျိုးရှိပြီး အရောင်နှင့်အရည် သွေးကောင်းလေ တန်ဖိုးမြင့်လေ ဖြစ်သည်။ Ref: BBC News