ကြံခင်းမြို့ ကမ္ဘာလုံးကျောင်းတိုက် ဆရာတော်အား ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးအောင်တင်မြင့် ဖူးမြော်ကြည်ညို

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးအောင်တင်မြင့်သည် ပါတီဗဟိုကော်မတီဝင် ဒေါက်တာဌေးဝင်း၊ မြန်အောင်မြို့နယ် ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌ ဦးနေဝင်းဇော်၊ ပါတီအတွင်းရေးမှူး ဒေါ်ယဉ်မြတ်သူ၊ ကြံခင်းမြို့နယ် ပါတီဘဏ္ဍာရေးမှူး ဦးအောင်ဆန်းဝင်းနှင့် ကော်မတီဝင်များ လိုက်ပါလျက် ယမန်နေ့ နံနက် ၁ဝ နာရီတွင် ကြံခင်းမြို့ ကမ္ဘာလုံးကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တနန္ဒဝံသအား ဖူးမြော်ကြည်ညို၍ နဝကမ္မအလှူငွေ နှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။ ဆက်လက်၍ ဆရာတော်က ပါတီဗဟိုအလုပ်အမှုဆောင်နှင့် အဖွဲ့အား ကျောင်းတိုက်အတွင်း တည်ဆောက်ပြီးစီး သည့် သိမ်တော်ကြီးအား လှည့်လည်ပြသခဲ့ရာ အဖွဲ့ဝင်များ စုပေါင်း၍ သိမ်ရေစက်ချပွဲအတွက် အလှူငွေများ လှူဒါန်းခဲ့ကြောင်း သိရသည်။