ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပဉ္စမအကြိမ် ဗဟိုပါတီကော်မတီ အစည်းအဝေး အပြီးတွင် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်
စက်တင်ဘာ ၁၅ နေပြည်တော်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပဉ္စမအကြိမ် ဗဟိုပါတီကော်မတီ အစည်းအဝေးကို နေပြည်တော်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဌာနချုပ်တွင် (၂) ရက်တာ ဆက်လက်ကျင်းပခဲ့ပြီး ယနေ့အခမ်းအနား အပြီးတွင် သတင်းစာရှင်းလင်းပွဲကို ကျင်းပပြုလုပ် ခဲ့သည်။
အဆိုပါ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ သတင်းစာရှင်းလင်းပွဲသို့ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှုး ဦးပိုက်ထွေး၊ ပါတီဗဟိုအလုပ်မှုဆောင် ဦးလှသိန်း၊ ပါတီပြောရေးဆိုခွင့်ရှိသူများ ဖြစ်ကြသည့် ဒေါက်တာ နန္ဒာလှမြင့်၊ ဦးသိန်းထွန်းဦးနှင့် ဒေါ်နန်းမြမီမီဇော်တို့က တက်ရောက်လာသည့် မီဒီယာဌာန အသီးသီးမှ မေးမြန်းမှု များကို ပြန်လည်ဖြေကြား ခဲ့သည်။