ကရင်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပညာရည်ချွန် ဆုချီးမြှင့်ခြင်းနှင့် အစည်းအဝေး ကျင်းပ

 

ဘားအံ သြဂုတ် ၎

ကရင်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး ဒေါနခန်းမတွင် ကျင်းပသော ပညာရည်ချွန် ဆုပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက နိုင်ငံတော်သီချင်း သံပြိုင်သီဆို၍ ဖွင့်လှစ်ခဲ့သည်။ ထို့နောက် ပါတီဗဟိုအလုပ်အမှုဆောင် ကရင်ပြည်နယ် တာဝန်ခံ ဦးသူရိန်ဇော်၊ ပါတီဗဟိုအလုပ်အမှုဆောင် ကရင် ပြည်နယ် ပါတီဥက္ကဋ္ဌ ဦးစောမြင့်ဦးတို့က အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်ပြီး သုံးဘာသာ ဂုဏ်ထူးရှင် နှစ်ဦး၊ တစ်ဘာသာ ဂုဏ်ထူးရှင် ၁ဝ ဦး စုစုပေါင်း ဂုဏ်ထူးရ ကျောင်းသား ကျောင်း သူ ၁၂ ဦးကို ကရင်ပြည်နယ် တာဝန်ခံ ဦးသူရိန်ဇော်၊ ကရင်ပြည်နယ် ပါတီဥက္ကဋ္ဌ ဦးစောမြင့်ဦး၊ ကရင်ပြည်နယ် ပါတီအတွင်းရေးမှူး ဦးစန်းကို၊ ကရင်ပြည်နယ် ပါတီဘဏ္ဍာရေးမှူး ဦးစောဝင်းထိန်၊ ကရင်ပြည်နယ် ပါတီကော်မတီဝင် ဦးစောထူးကပေါတို့က ဆုများ ချီးမြှင့်ပေး ခဲ့သည်။

ကရင်ပြည်နယ် ပါတီရုံး၌ နံနက် ၁ဝ နာရီတွင် ပြုလုပ်သော လစဉ်ပုံမှန် လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ ကရင် ပြည်နယ် တာဝန်ခံနှင့် ကရင်ပြည်နယ် ပါတီဥက္ကဋ္ဌတို့က တက်ရောက်အမှာစကား ပြောကြားခဲ့သည်။
ယင်းအစည်းအဝေးသို့ ကရင်ပြည်နယ် ပါတီအတွင်းရေးမှူး ဦးစန်းကိုနှင့် ပြည်နယ်ပါတီ ကော်မတီဝင်များ၊ ခရိုင်နှင့် မြို့နယ်ပါတီ ဥက္ကဋ္ဌများ တက်ရောက်ခဲ့ပြီး မြို့နယ်အလိုက် လုပ်ငန်းဆောင်ရွက်ချက်များအား အသီးသီး တင်ပြ ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။

ခင်နီနီအောင်