ပက်ကွီအိုနဲ့ ယှဉ်ပြိုင်ထိုးသတ်မယ့်ရက်ကို အတည်ပြုလိုက်တဲ့ အေမာခန်း

ဖိလစ်ပိုင်လက်ဝှေ့ကျော်ပက်ကွီအိုအနေနဲ့ လာမယ့် ဇူလိုင် ၂၀ရက်နေ့မှာ အမေရိကန်လက်ဝှေ့ကျော် ကိဒ်သော် မန်ကို ရင်ဆိုင်ထိုးသတ်ဖို့လည်း ရှိနေပါတယ်။ ပါကစ္စတန်နွယ်ဖွား ဗြိတိန်လက်ဝှေ့ကျော်အေမာခန်းဟာ ကစားသမားဘ၀ရဲ့ ပွဲ ၄၀မြောက် ပြိုင်ဘက်က ပက်ကွီအို ဖြစ်တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပြီးတဲ့နောက် လာမယ့် နိုဝင်ဘာ ၈ ရက်နေ့မှာ ယှဉ်ပြိုင်ထိုးသတ်မယ်လို့ အတည်ပြုခဲ့ခြင်းကို BBC ရဲ့ဖော်ပြချက်အရ သိရပါတယ်။ ကစားသမားဘ၀ ၃၉ပွဲကစားပြီးရာမှာ ၃၄ပွဲနိုင် ၅ပွဲရှုံးထားတဲ့ အေမာခန်းဟာ နောက်ဆုံးကစားခဲ့တဲ့ ဘီလီဒစ်ဘ် နဲ့ပွဲစဉ်မှာ အနိုင်ရရှိထားခဲ့ပြီး WBC International ၀ယ်လ်တာ ၀ိတ်တန်း ချန်ပီယံဆု ပိုင်ဆိုင်ထားသူဖြစ်ပြီး နောက်ထပ်အောင်မြင်မှုရရှိရေးအတွက် ပက်ကွီအိုကို ကမ်းလှမ်းခဲ့ခြင်လည်း ဖြစ်ပါတယ်။ ပွဲစဉ်ကို နိုဝင်ဘာ ၈ ရက်မှာ ကျင်းပမယ်လို့ အေမာခန်းဘက်က အတည်ပြုခဲ့ပြီး ထူးခြားတဲ့ အစီအစဉ်တစ်ခုအဖြစ် အာရှတိုက်နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ဆော်ဒီအာရေဗျနိုင်ငံ၊ ရီယက်ဒ်မြို့မှာ ထိုးသတ်ကြမှာ ဖြစ်တယ်လို့လည်း အတည်ပြုထားခဲ့ပါတယ်။

“ အေမာခန်းရဲ့စိန်ခေါ်မှုကို လက်ခံခဲ့ပါပြီ။ ကိဒ်သော်မန်နဲ့ပွဲကစားရဖို့ရှိနေပေမယ့် ကစားနိုင်မယ်လို့ ယုံကြည်ပါတယ်။ လက်ရှိအချိန်အထိ ပွဲကြီးပွဲကောင်းတွေ ကစားနိုင်သေးတယ်ဆိုတာ သက်သေပြသွားဦးမှာပါ ”  လို့ ပက်ကွီအိုက ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ အခုလိုသဘောတူညီမှုရရှိခဲ့ခြင်းအပေါ် ပရိသတ် အများစုက အံအားသင့်ခဲ့တဲ့အပြင် ကစားသမားဖြစ်သူအေမာခန်း ကိုယ်တိုင်က ပက်ကွီအိုရဲ့ ဆုံးဖြတ်ချက် ခိုင်မာမှုက တကယ်ကို မထင်မှတ်စရာဖြစ်ခဲ့တယ်လို့ ဗြိတိန်မီဒီယာ တွေရဲ့ မေးမြန်းမှုကို ပြန်လည် ဖြေကြားလိုက်ပါတယ်။  duwun