ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေး ပေါက်မြို့နယ်ရှိ ပါတီကော်မတီဝင်များနှင့် တွေ့ဆုံ
ဇွန် ၂၄၊ ပေါက်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး၊ ဦးပိုက်ထွေးသည် ၂၄-၆-၂၀၁၉ ရက်နေ့ တနလာင်္နေ့ နေ့လည် ၁၃၀၀ နာရီအချိန်တွင် မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး၌ တိုင်း/ ခရိုင်/ မြို့နယ်ပါတီ ကော်မတီဝင်များ၊ ရပ်/ကျေးပါတီ ကော်မတီဝင်များနှင့် တွေ့ဆုံခဲ့ပါသည်။
တွေ့ဆုံပွဲသို့ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေး၊ မကွေးတိုင်းဒေသကြီး ပါတီအတွင်းရေးမှူး ဦးဆန်းညွန့်အောင်နှင့် တိုင်းပါတီကော်မတီဝင်များ၊ ခရိုင်၊ မြို့နယ်၊ ရပ်/ကျေးပါတီ ကော်မတီဝင်များ စုစုပေါင်း အင်အား ၉၀ ကျော် တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။