ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့နှင့် မြောက်ကိုရီးယားနိုင်ငံ သံအမတ်ကြီးတို့ တွေ့ဆုံ
ဇွန် ၁၂၊ နေပြည်တော်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးဝဏ္ဏမောင်လွင်သည် မြန်မာနိုင်ငံဆိုင်ရာ မြောက်ကိုရီးနိုင်ငံ သံအမတ်ကြီးနှင့်အဖွဲ့အား လက်ခံတွေ့ဆုံ ခဲ့သည်။ အဆိုပါတွေ့ဆုံမှုကို နေပြည်တော်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဌာနချုပ်ရှိ ဧည့်တွေ့ဆောင်ခန်းမ၌ ဇွန်လ ၁၂ ရက်နေ့ နံနက် ၁၁ နာရီအချိန်က လက်ခံတွေ့ဆုံခဲ့ရာ ဗဟိုအလုပ်အမှုဆောင် ဦးဝဏ္ဏမောင်လွင် နှင့်အတူ ဗဟိုအလုပ်အမှုဆောင် ဦးလှသိန်း၊ ဗဟိုကော်မတီဝင် ဦးသိန်းထွန်းဦးတို့ ပါဝင်ပြီး မြောက်ကိုရီးယား နိုင်ငံမှ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီး H.E Mr. Jong Ho Bom နှင့်အဖွဲ့တို့ကို လက်ခံတွေ့ဆုံခဲ့ခြင်း ဖြစ်သည်။