ပါတီဗဟိုအလုပ်အမှုဆောင် ဦးလှသိန်း ဒေသခံများ ပါတီဝင်များနှင့် ရေနွေးကြမ်း စကားဝိုင်းဖွဲ့ ဆွေးနွေး

 

ဝေါ ဇွန် ၃

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ပဲခူးတိုင်းဒေသကြီး အရှေ့တွဲဖက် တာဝန်ခံ ဦးလှသိန်းသည် ယမန်နေ့ နံနက် ၉ နာရီက ဝေါမြို့နယ် မြစ်ကျိုးကျေးရွာ၌ ပါတီမိသားစုဝင်များ၊ ဒေသခံ ပြည်သူများနှင့် တွေ့ဆုံ၍ ရေနွေးကြမ်းဝိုင်းဖွဲ့ ဆွေးနွေးခဲ့ကြပြီး မွန်းလွဲ ၁ နာရီခန့်တွင် ကွေ့ကြီးသို့ ရောက်ရှိပြီး ဒေသဖွံ့ဖြိုးရေးအတွက် ရေနွေးကြမ်းဝိုင်းဖွဲ့ ဆွေးနွေးခဲ့ကြသည်။ ထို့နောက် မြစ်ကျိုးကျေးရွာ ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌ ဦးပေါက်လှနှင့် ပါတီမိသားစုဝင်များ၊ ကွေ့ကြီးပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌ ဦးတိုးကြည်နှင့် ပါတီမိသားစုဝင် ဒေသခံပြည်သူများနှင့် မြစ်ကျိုးကျေးရွာ၊ ဘုရားသုံးဆူ ကျေးရွာတို့ရှိလမ်းများ ရေကြီးမှုကာကွယ်နိုင်သော အဆင့်မြင့်လမ်းများဖြစ် ပေါ်ရေးနှင့် ပါတီဝင်လူငယ်များ၏ လူမှုစီးပွားဖွံ့ဖြိုးရေး၊ ကျေးရွာလမ်း ပိုမိုကောင်းမွန် ရေးအတွက် ရေနွေးကြမ်း စကားဝိုင်းဖွဲ့ ဆွေးနွေးခဲ့ကြသည်။

အဆိုပါ ရေနွေးကြမ်းဝိုင်း ဆွေးနွေးပွဲသို့ ပါတီဗဟိုအလုပ်အမှုဆောင် ပဲခူးတိုင်းဒေသကြီး အရှေ့တွဲဖက် တာဝန်ခံ ဦးလှသိန်းနှင့်အတူ ပဲခူးတိုင်းဒေသကြီး ပါတီကော်မတီဝင် ဦးအောင်နိုင်၊ ပဲခူးခရိုင်ကော်မတီဝင် ဦးကျော်ဇောနှင့် ဝေါမြို့နယ် ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူး ဦးသက်တိုးဝင်းတို့ လိုက်ပါ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက် နိုင်ရေးအတွက် ဒေသခံပြည်သူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံခဲ့ကြောင်း သိရသည်။

အောင်မြတ်လင်း(ဝေါ)