MMA ကစားသမားဖိုးသော်နှင့် အင်ဒိုနီးရှားမှ ဗစ်တိုရီယို တို့ တရုတ်တွင် ထိုးသတ်မည်

ကိုယ်ခံပညာသိုင်းပေါင်းစုံထိုးသတ်နည်းဖြစ်သော MMA ကစားသမား မြန်မာနိုင်ငံသား ဖိုးသော်နှင့် အင်ဒိုနီးရှား MMA ကစားသမား ဗစ်တိုရီယိုဆမ်းဒက်ခ် တို့ (ဇွန်လ ၁၅ ရက်)  တရုတ်နိုင်ငံ ရှိန်ဟိုင်း ၌ ထိုးသတ်သွားမည် ဖြစ်ကြောင်း သိရသည်။

လက်ရှိန်အချိန်တွင် အမေရိကန်နိုင်ငံ၌   MMA ကစားနိုင်ရန် နည်းပြ ဆရာများဖြင့် အကောင်းဆုံးလေ့ကျင့်မှုတွေကို ပြုလုပ်လျက်ရှိပြီး တစ်လကျော်ကြာလေ့ကျင့်မှု ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။ ဖိုးသော် အနေဖြင့် လက်ရှိထိုးသတ်မည့် MMA ပွဲကို အကောင်းဆုံး ယှဉ်ပြိုင် သွားမည်ဖြစ်ပြီး အရှုံးပေးလိမ့်မည် မဟုတ်ဘဲ အနိုင်ထိုးသတ်သွားမည်ဖြစ်ကြောင်း ပြောဆိုထားသည်။

ဖိုးသော်သည် MMA ကို အသက် ၃၀ ကျော်မှသာ ထိုးသတ်ခဲ့သော်လည်း ပွဲစဉ်တစ်လျှောက် အကောင်းဆုံး ယှဉ်ပြိုင် ထိုးသတ်နိုင်ခဲ့ခြင်း ကြောင့် အချိန်တိုအတွင်း နာမည်ရလာခဲ့ခြင်းဖြစ်သည်။ ဖိုးသော်သည် MMA ပြိုင်ပွဲတစ်လျှောက် ခုနှစ်ပွဲနိုင် တစ်ပွဲ ရှုံးရလဒ် ရရှိထားပြီး MMA နောက်ဆုံးပွဲတွင် မလေးရှားနိုင်ငံသား MMA ဖိုက်တာကို ရှုံးနိမ့်ထားသည်။