မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီး (ဝိသာခါ) ကျောင်းအမများအဖွဲ့မှ ညောင်ဦးမြို့နယ်အတွင်း စုပေါင်းရေသန့် အလှူတော်ကျင်းပ
ညောင်ဦး မေ ၂ဝ
မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီး (ဝိသာခါ) ကျောင်းအမများအဖွဲ့မှ ညောင်ဦးမြို့နယ်အတွင်း စုပေါင်းရေသန့် အလှူတော်အဖြစ် ယမန်နေ့ နံနက်ပိုင်းက ညောင်ဦးမြို့နယ်အတွင်း ဆောင်ရွက်ခဲ့သည်။ ထိုသို့ ဆောင်ရွက်ရာတွင် မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်၊ ရပ်/ကျေး ပါတီများ၏ အမျိုးသမီး (ဝိသာခါ) ကျောင်းအမများ၏ စုပေါင်းသောက်ရေသန့် အလှူတော်မင်္ဂလာအား မြို့နယ်အတွင်းရှိ ကူရွာအုပ်စု တောင်ပုံဝကျေးရွာ အိမ်ခြေ ၈၄၊ ရေဘူး ၇၅ ဘူး၊ တူရွင်းတိုင်ကျေးရွာအုပ်စု ဖိုးနီကန်ကျေးရွာ အိမ်ခြေ ၇ဝ၊ ရေဘူး ၇ဝ၊ လက်ဝဲကျေးရွာ အိမ်ခြေ ၅ဝဝ၊ ရေဘူး ၅ဝဝ၊ ကုန်းရှည်အုပ်စု ကုန်းရှည်ကျေးရွာ အိမ်ခြေ ၁၈ဝ၊ ရေဘူး ၁၈ဝ စုစုပေါင်းရေသန့် ၈၂၅ ဘူး လှူဒါန်းခဲ့ကြောင်း သိရသည်။
ရေသန့်အလှူတော် မင်္ဂလာသို့ မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီမှ တိုင်းဒေသကြီး ပါတီကော်မတီဝင် ဒေါ်လှလှအေး၊ ဒေါ်သိင်္ဂီအောင်နှင့် ဒေါ်သန်းသန်းအေးတို့ ဦးဆောင်၍ ညောင်ဦးခရိုင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးညွန့်ဝင်းနှင့် ခရိုင်ကော်မတီဝင်များ၊ ညောင်ဦးမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးအောင်ဌေးနှင့် မြို့နယ် ကော်မတီဝင်များ၊ ပါတီဝင်များ ပါဝင်ကူညီ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သုတ(မန္တလေး)