(၂၆) ကြိမ်မြောက် ဆွမ်းဆန်စိမ်း လောင်းလှူပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပါဝင်လှူဒါန်း
လေးမျက်နှာ မေ ၁၉
ဧရာဝတီတိုင်း ဒေသကြီး ဟင်္သာတခရိုင် လေးမျက်နှာမြို့နယ်၏ နှစ်စဉ်နှစ်တိုင်း အစဉ်အလာမပျက် လှူဒါန်းသော ကဆုန်လပြည့်နေ့ (မြို့ဟောင်းဒေသ)နှင့် ကဆုန်လပြည့်ကျော် ၁ ရက် (မြို့သစ်ဒေသ) ဆွမ်းဆန်စိမ်းလောင်းလှူ ပွဲသို့ တိုင်းဒေသကြီးပါတီကော် မတီဝင် မြို့နယ်ပါတီနာယက ဦးကျော်ဝင်းနိုင်၊မြို့နယ်ပါတီဥက္ကဋ္ဌ ဦးသိန်းထွန်းနှင့် ပါတီကော်မတီ ဝင်များ၊ ဝန်ထမ်းများစုပေါင်း၍ မြို့နယ်ပါတီရုံးရှေ့တွင် ဆွမ်းဆန် တော်နှင့် အချိုရည်၊ ရေသန့်ဘူး များအား ယမန်နေ့နံနက် ၇နာရီက လောင်းလှူခဲ့ကြသည်။
အဆိုပါ ဆွမ်းဆန်စိမ်း လောင်းလှူခြင်းသည် မြို့နယ်သူမြို့နယ်သားများ စုပေါင်း၍ ကဆုန်လပြည့်နေ့တွင် မြို့၏ မူလတည်ရှိခဲ့ရာ မြို့ဟောင်းဒေသနှင့် မြို့သစ်တည် ရှိရာဒေသတို့တွင် ဘုရားအမှူးရှိသော သံဃာတော်၊ သာမဏေ၊ သီလရှင် အပါး ၅ဝဝ ကျော်တို့အား အစဉ်အလာမပျက် လှူဒါန်းသော ဆွမ်းဆန်စိမ်း လောင်းလှူပွဲ ဖြစ်ကြောင်း သိရသည်။ ရွှေမိုး(လေးမျက်နှာ)