ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ဒက္ခိဏသီရိမြို့နယ် ပါတီဝင်များ ပြည်သူများနှင့်တွေ့ဆုံ

 

နေပြည်တော် ဧပြီ ၂၉

ပြည်ထောင်စုနယ်မြေ ဒက္ခိဏသီရိ မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး အစည်းအဝေး ခန်းမ၌ ဗဟိုအလုပ်အမှုဆောင် ပြည် ထောင်စုနယ်မြေ ပါတီဥက္ကဋ္ဌ ဦးဝေလွင်၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး (ငြိမ်း) ဦးမြင့်လှိုင်နှင့် ရန်အောင်မြင်ကျေးရွာ အုပ်စုမှ ပါတီဝင်များ၊ ရပ်မိရပ်ဖများ၊ ပြည်သူများနှင့် တွေ့ဆုံဆွေးနွေး ပွဲကို ယမန်နေ့ နံနက် ၈ နာရီမှ ၁၁ နာရီခွဲအထိ ပြုလုပ်ခဲ့ကြောင်း သိရသည်။

တွေ့ဆုံဆွေးနွေးပွဲတွင် ဗဟိုအလုပ်အမှုဆောင် ပြည်ထောင်စုနယ်မြေ ပါတီဥက္ကဋ္ဌ ဦးဝေလွင်က လက်ရှိနိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ဘာသာရေးအခြေ အနေများ ဆွေးနွေးခဲ့ပြီး တက်ရောက်လာ သူများက သိရှိလိုသည်များ မေးမြန်းခဲ့ကြရာ ပြည်ထောင်စုနယ်မြေဥက္ကဋ္ဌနှင့် ပြည်ထောင်စုဝန်ကြီး (ငြိမ်း) တို့က ပြန်လည် ရှင်းလင်းဖြေကြား ခဲ့သည်။

ဆွေးနွေးပွဲသို့ ပါတီဗဟိုအလုပ်အမှုဆောင် ဦးဝေလွင်၊ ပြည်ထောင်စုဝန်ကြီး (ငြိမ်း) ဦးမြင့်လှိုင်၊ ပြည်ခိုင်ဖြိုးပါတီ၊ ပြည်ထောင်စုနယ်မြေ အတွင်းရေးမှူး ဦးဌေးဝင်း၊ ပြည်ထောင်စုနယ်မြေ ကော်မတီဝင် နယ်မြေ တာဝန်ခံ ဦးခင်မောင်ထွန်း၊ ခရိုင်ကော်မတီဝင် ဒေါ်ယဉ်ယဉ်အေး၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးဇော်မျိုးနိုင်နှင့် ကော် မတီဝင်များ၊ ရန်အောင်မြင်ကျေးရွာ အုပ်စုမှ ပါတီဝင်၊ ပြည်သူများဖြင့် စုစုပေါင်း အင်အား ၇ဝ ခန့် တက်ရောက် ခဲ့ကြောင်း သိရ ၏သည်။  အောင်အောင်(နေပြည်တော်)