ကျိုက်ထိုမြို့နယ် ပြည်ခိုင်ဖြိုးပါတီ နိုင်ငံရေးစီမံခန့်ခွဲမှု (ဆင့်ပွား) သင်တန်းဖွင့်လှစ်

 

မတ်လ ၂၈

ကျိုက်ထိုနယ် ပြည်ခိုင်ဖြိုးပါတီ ၂၈.၃.၂၀၁၉ ရက်နေ့ နံနက် ၉းဝဝ အချိန်တွင်နိုင်ငံရေးစီမံခန့်ခွဲမှု (ဆင့်ပွါး) သင်တန်းအား နိုင်ငံတော်သီချင်းဖြင့် စတင်ဖွင့်လှစ်ပြီး တက်ရောက်အင်အား ၆၀ ဖြင့်စတင်ခဲ့ပါသည်။

အဆိုပါအခမ်းအနား အား ခရိုင်ပါတီ ဥက္ကဌ ဦးကျော်မြင့် မှ သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များ သင်တန်းစည်းကမ်းချက်များအား ရှင်းလင်းပြောကြားခဲ့ပါသည်။ အခမ်းအနား ကို ခရိုင် ဥက္ကဌ ဦးကျော်မြင့် ၊ခရိုင်အတွင်းရေးမှူး ဦးစောဥာဏ်ဝင်း ၊မြို့နယ်ပါတီ ဥက္ကဌ ဦးဇေယျာဦး ၊အတွင်းရေးမှူး ဦးကြည်‌စိုး နှင့် မြို့ နယ် ကော်မတီဝင်များ တက်ရောက်ခဲ့ကြ၍ နံနက်‌ ၁၀း၀၀ တွင် အခမ်းအနားဖွင့်ပွဲအား ရုတ်သိမ်းခဲ့ပြီး သင်တန်းအား စတင်ပို့ချကြပါသည်။

ပြည်ခိုင်ဖြိုး ပါတီ ကျိုက်ထိုမြို့နယ်