လောကမာရ်ဇိန်ရန်အောင်မြင်မြတ်စွာဘုရားကြီးထီးတော်တင်လှူပွဲတွင် လွှတ်တော်ကိုယ်စားလှယ်များတင်လှူပူဇော်

 

မိတ္ထီလာ မတ် ၂ဝ

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် ခင်တဲအုပ်စု၊ ခင်တဲ၊ ကံကြီးကုန်း၊ အောင်သာ၊ ဥယျာဉ်၊ ရွှေပန်းတိုင် အနောက်၊ ခင်သာကျေးရွာများအတွင်း တည်ထားကိုးကွယ် အားထားတော်မူသော ရှေးဟောင်းသမိုင်းဝင် လောက မာရ်ဇိန်ရန်အောင်မြင်စေတီမြတ်စွာဘုရားကြီး ထီးတော် တင်လှူမင်္ဂလာကို ယမန်နေ့ နံနက် မင်္ဂလာအချိန် နံနက် ၁ဝ နာရီ ၁၈မိနစ်တွင် စတင်တင်လှူကြသည်။

ခင်တဲလေးမျက်နှာ လောကမာရ်ဇိန်ရန်အောင်မြင် စေတီမြတ်စွာဘုရားကြီး ထီးတော်တင်လှူခြင်းကို ခင်တဲ ဘုန်းတော်ကြီးကျောင်း ဆရာတော်ဦးခေမာသီရိ၊ ဦးစန္ဒာ သီရိ၊ ညီနောင်နှစ်ပါးတို့က ဦးစီးပဓာနပြု၍ ထီးတော်တင် မင်္ဂလာကျင်းပပြီး သက်ကြီးပူဇော်ပွဲကျင်းပကာ အဘိုး အဘွား ၆၃ ဦးအား လှူဖွယ်ပစ္စည်းများ ပေးအပ်ခဲ့သည်။
အဆိုပါ ထီးတော်တင်လှူခြင်းနှင့် သက်ကြီးပူဇော်ခြင်း အခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင်ဒေါက်တာမောင်သင်း(ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်)၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုးအောင်၊ မြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးမျိုးလွင် နှင့် မြို့နယ်ကော်မတီဝင်များသွားရောက်၍ ထီးတော်တင် မင်္ဂလာကုသိုလ်ဒါနပြုခြင်း၊ အလှူငွေပေးအပ်လှူဒါန်းခြင်း များ ပြုလုပ်ကြောင်း သိရသည်။

စိုးလှိုင်(ထီလာ)