မက္ကဆီကိုတွင် ဆရာများနှင့် ရဲများအဓိကရုဏ်းဖြစ်ပွား၊ လူခြောက်ဦးသေဆုံး

13442702_1721531868087314_4127115485184180309_o

အော့စကာ ဇွန် ၂ဝ

မက္ကဆီကိုတွင် ဆရာများနှင့် ရဲများကြား အဓိကရုဏ်းများဖြစ်ပွားခဲ့ရာ လူခြောက်ဦး သေဆုံးပြီး ရဲအရာရှိများအပါအဝင် လူ ၅ဝ ဒဏ်ရာ ရရှိသွားခဲ့ကြောင်း ဘီဘီစီ သတင်း တစ်ရပ်တွင် ဖော်ပြခဲ့သည်။

ယင်းအဖြစ်အပျက်သည် မက္ကဆီကိုနိုင်ငံ အော့စကာပြည်နယ်တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ပြည်နယ်တွင်းကျော်ကြားသော ခေါင်းဆောင်နှစ်ဦးကို လွန်ခဲ့သောအပတ်က လာဘ်စားမှုစွပ်စွဲချက်ဖြင့် ဖမ်းဆီးခဲ့သည်။

စီအင်န်တီအီးသမဂ္ဂ တော်လှန်ရေးသမားအဖွဲ့ဝင်များသည် ၄င်းတို့ခေါင်းဆောင်ကို ဖမ်းဆီးထားချိန်မှစကာ တောင်ပိုင်း မက္ကဆီကိုလမ်းများကို ပိတ်ထားခဲ့ကြသည်။

စီအင်န်တီအီးသမဂ္ဂသည် ၂ဝ၁၃ခုနစ်တွင် သမ္မတ အန်းရစ်ပီနာနီတိုပြဋ္ဌာန်းခဲ့သော ပညာရေးပြုပြင်ပြောင်းလဲမှုကို ဆန့်ကျင်ခဲ့သည်။ ပြုပြင်ပြောင်းလဲမှုတွင် ဆရာများ၏အရည်အသွေးကို ချင့်တွက်မှုများ ပါဝင်သည်။

သမဂ္ဂအဖွဲ့ဝင်များက ၄င်းတို့ ခေါင်းဆောင်ကို ဖမ်းဆီးထားခြင်းသည် နိုင်ငံရေးလှုပ်ရှားမှုကြောင့်ဖြစ်သည်ဟု ဆိုသည်။
ရဲများက လမ်းများကို ရှင်းလင်းရန် ကြိုးပမ်းနေစဉ် ဆန္ဒပြသူများနှင့် ရဲများကြား သေနတ်သမားများ ရုတ်တရက် ထွက်ပေါ်လာပြီး နှစ်ဖက်စလုံးကို ဝင်ရောက်ပစ်ခတ် သွားကြောင်း အာဏာပိုင်များက ပြောသည်။

Nochixtlam မြို့အနီး ဆန္ဒပြပွဲများတွင် ထိန်းသိမ်းနေရသော ရဲများမှာ သေနတ်ကိုင်ဆောင်ခွင့်မရှိကြောင်း မက္ကဆီကို အမျိုးသားလုံခြုံရေးကော်မရှင်က ကြေညာချက် ထုတ်ပြန်သည်။ နိုင်ငံပိုင် ပီးမက်စ်ရေနံကုမ္ပဏီက ယခုဖြစ်ရပ်ကြောင့် အိုဆာကမှ မက္ကဆီကိုမြို့တော်သို့ သွားရာလမ်းများ ပိတ်ဆို့ခံရခြင်းဖြင့် အဆိုပါနေရာ အနီးတစ်ဝိုက်ရှိ ရေနံချက် စက်ရုံများကိုပါ ပိတ်သိမ်းလာစေရန် လုပ်ဆောင်နေခြင်း ဖြစ်နိုင်ကြောင်း သတိပေးခဲ့သည်။

(ဘီဘီစီ)


Leave a Reply