ကယားပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီနှင့် လွိုင်ကော်ခရိုင် ဒီးမော့ဆိုမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ တွေ့ဆုံပွဲ အစည်းအဝေး

 

ဒီးမော့ဆိုမြို့နယ် – မတ် ၁၃

၂၀၁၉ခုနှစ် မတ်လ (၁၃) ရက်နေ့ နံနက်(၁၀း၃၀) နာရီ အချိန် ကယားပြည်နယ် လွိုင်ကော်ခရိုင် ဒီးမော့ဆိုမြို့နယ် ပြည်ထောင်စုကြံ့ခိုင်
ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေးခန်းမတွင် ကယားပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် ဒီးမော့ဆိုမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တွေ့ဆုံပွဲ အစည်းအဝေး ကျင်းပပြုလုပ်ပြီး ပထမဦး စွာ နိုင်ငံတော်အလံ အလေးပြုပြီး နိုင်ငံတော်သီချင်း ဖြင့် သီဆို ဖွင့်လှစ်ပါသည်။ဆက်လက်ပြီး ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှု ဆောင် ကယားပြည်နယ် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးပိုးရယ်အောင်သိန်းမှ အဖွင့်အမှာစကား ပြောကြားပြီး လက်ရှိနိုင်ငံရေး အခြေအနေများ ပါတီလုပ်ငန်း ဆောင်ရွက်ချက်များ လုပ်ငန်းလုပ်ထုံးလုပ်နည်းများ အသေးစိတ်ရှင်းလင်း လမ်းညွှန်မှာကြားသွားပါသည်။

ယင်းနောက် ကယားပြည်နယ်ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဦးကျော်မြင့်က ပြည်ခိုင်ဖြိုးပါတီ ရှေ့လုပ်ငန်းစဉ်များအား အသေးစိတ် ရှင်းလင်းပြီး ပါတီအားသာချက် အားနည်းချက်များ ဆွေးနွေး သွားပါသည်။

ဆက်လက်ပြီး ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီ စည်းရုံးရေးတာဝန်ခံ ဦးတင်ဦးက စည်းရုံးရေးရာကိစ္စ ရပ်များ လက်​ရှိနိုင်​ငံ​ရေးအ​ခြေအ​နေနှင့်​​ပါတီအတွင်း​ဆောင်​ရွက်​ချက်​များအားတင်​ပြ​ဆွေး​နွေးပြီး ပြည်နယ်ပါတီနာယက ဦးတောရယ်က လက်ရှိ နိုင်ငံရေးအခြေအနေများနှင့် ၂၀၂၀ အောင်နိုင်ရေး အခြေအနေများ အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်ဒေါရစ်လေးက အမျိုးသမီးရေးရာ ကိစ္စရပ်များ ပြည်နယ်ကော်မတီဝင် ဦးရဲဝင်းက လူငယ်ရေးရာအခြေအနေနှင့် ရှေ့လုပ်ငန်းစဉ်များ
အသီးသီးဆွေးနွေး သွားပါသည်။

ဆက်လက်ပြီး ဒီးမော့ဆိုမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဒေါ်မေရီယန်နှင့် ကော်မတီဝင်များ ရပ်မိရပ်ဖများရပ်/ကျေးပါတီ ဥက္ကဌများမှ ဒီးမော့ဆိုမြို့နယ် ပါတီကိစ္စရပ်များ ပြည်သူ့ အသံများ ရပ်ရွာလူထု အကျိုးပြုကိစ္စရပ်များရေးရာကိစ္စရပ်များ အသီးသီးလိုအပ်ချက်များ အသေးစိတ် ဆွေးနွေး တင်ပြကြပါသည်။
ဆက်လက်ပြီး ဆွေးနွေးတင်ပြချက်များအား သက်ဆိုင်ရာ ပြည်နယ်ကော်မတီဝင် ရေးရာတာဝန်ခံ အသီးသီးက ပြန်လည် ရှင်းလင်း ဖြေကြားသွားပါ သည်။

ထို့နောက် ကယားပြည်နယ် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးပိုးရယ်အောင်သိန်းမှ နိဂုံးချုပ်အမှာစကား ပြောကြားသွားပါသည်။

၎င်းတွေ့ဆုံပွဲတွင် ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ် အမှုဆောင် ကယားပြည်နယ် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးပိုးရယ်အောင်သိန်း ပြည်နယ်ပါတီနာယက ဦးတောရယ် ပြည်နယ်အတွင်းရေးမှူး ဦးကျော်မြင့် ပြည်နယ်ကော်မတီဝင်များ ဖြစ်ကြသော ဦးတင်ဦး ဦးရဲဝင်း ဒေါ်ဒေါရစ်လေး ဒေါ်ဗျားမြာမောင်လွိုင်ကော်ခရိုင် ကော်မတီဝင်များ ဖြစ်ကြသော ဦးတူးရယ် ဦးပီတာလင်း ဒီးမော့ဆိုမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ဒေါ်မေရီယန်နှင့် မြို့နယ် ကော်မတီဝင်များ ရပ်ကျေးစည်းရုံးရေး ဥက္ကဌများ စုစုပေါင်းအင်အား (၃၀)ကျော်တက် ရောက်ကာ အစည်းအဝေးကို နေ့လည်( ၁း၁၅ ) နာရီတွင် အောင်မြင်စွာ ပြီးစီးကြောင်းနှင့် ယနေ့ညနေ (၅း၀၀)နာရီအချိန် ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ဦးပိုးရယ်အောင်သိန်းနှင့် အဖွဲ့သည် နန်းမယ်ခုံမြို့ မြို့မကယန်းရပ်ကွက် ကယောခန်းမ ဆောင်တွင် ပြည်ခိုင်ဖြိုးပါတီဝင်များ ရပ်မိရပ်ဖ များနှင့်ထပ်မံတွေ့ဆုံ မည်ဖြစ်ကြောင်း သတင်း ရရှိသည်။

ထာဝရ မြေချစ်သူ