ပြည်ခိုင်ဖြိုးစည်ပင်ကိုယ်စားလှယ်လောင်းများ အောင်နိုင်ရေးဆိုင်းဘုတ်စိုက်ထူ

 

ရန်ကုန် မတ် ၁ဝ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီဆိပ်ကြီးခနောင်တိုမြို့ နယ်မှ မြို့နယ်စည်ပင်သာယာရေး ကော်မတီရွေးချယ်ပွဲ ဝင်ရောက် ယှဉ်ပြိုင်မည့်ကိုယ်စားလှယ်လောင်း များ၏ အောင်နိုင်ရေးဆိုင်းဘုတ် တင် အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီ ၄၅ မိနစ်က မြို့နယ်ပါတီ ရုံးရှေ့၌ အောင်နိုင်ရေးဆိုင်းဘုတ် အားတိုင်းပါတီကော်မတီဝင်ဒေါ်မိုး မိုးအိ၊ ခရိုင်ပါတီဥက္ကဋ္ဌ ဦးလွင်ဦး၊ ခရိုင်ပါတီအတွင်းရေးမှူးဦးဆန်းဝင်း၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဒေါ်ယဉ်ယဉ် ထွေးနှင့် ရွေးကောက်ခံကိုယ်စား လှယ်များက အမွှေးနံ့သာရည်များ ပက်ဖျန်း၍ စိုက်ထူခဲ့ကြသည်။

ထို့နောက် မြို့နယ်အတွင်း၌ တစ်ပြိုင်နက်တည်း စိုက်ထူခဲ့ကြ သောအောင်နိုင်ရေးဆိုင်းဘုတ်များ အားတိုင်းပါတီကော်မတီဝင်ဒေါ်မိုး မိုးအိ၊ ခရိုင်ပါတီဥက္ကဋ္ဌ ဦးလွင်ဦး၊ ခရိုင်ပါတီအတွင်းရေးမှူးဦးဆန်းဝင်း၊ ရွေးကောက်ခံကိုယ်စားလှယ်များ၊ မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်ကျေးပါတီကော်မတီဝင်များ လိုက်ပါ၍ ရပ်ကွက်(၉)ရပ်ကွက် သို့ သွားရောက်ကြည့်ရှုအားပေးခဲ့ ကြကြောင်း သိရသည်။

ဝင်းမြင့်ဦး(ဆိပ်တို)