အကြမ်းဖက်မသင်္ကာသူ ကိုးဦးကို ဖမ်းမိပြီးနောက် မလေးရှားနိုင်ငံတွင် လုံခြုံရေးသတိတိုးမြှင့်

ဖေဖော်ဝါရီအတွင်း အကြမ်းဖက်မသင်္ကာသူ ကိုးဦးကို ဖမ်းဆီးမိပြီးနောက် နိုင်ငံခြား အကြမ်းဖက်တိုက်ခိုက်ရေး သမားများ နိုင်ငံအတွင်းသို့ ဝင်မလာစေရေး လုံခြုံရေးသတိ တိုးမြှင့်ထားသည်ဟု မလေးရှားရဲတပ်ဖွဲ့က ပြောသည်။ မသင်္ကာသူများ ရောက်ရှိလာခြင်းကို မလေးရှားရဲတပ်ဖွဲ့က အလေးအနက်ထားနေကြောင်းနှင့် မလိုလားအပ်သော အစိတ်အပိုင်းများ ရှင်းလင်းဖယ်ရှားရေး နိုင်ငံခြားထောက်လှမ်းရေး အေဂျင်စီများနှင့် ပူးပေါင်း ဆောင်ရွက်နေကြောင်း မလေးရှားရဲချုပ် မိုဟာမက်ဖူဇီဟာရွန်က ပြော သည်။

အီဂျစ်နိုင်ငံသား ခြောက်ဦး နှင့် တူနီးရှားနိုင်ငံသားတစ်ဦးအပါ အဝင် အကြမ်းဖက်မသင်္ကာသူ ကိုးဦးကို ဖေဖော်ဝါရီ ၂ ရက်နှင့် ၉ ရက်ကြားတွင် ကွာလာလမ်ပူ တစ်ဝိုက်နှင့် ဆာရာဝပ်ပြည်နယ် တို့၌ ဖမ်းမိခဲ့သည်။

 ၎င်းတို့အနက် နှစ်ဦးဖြစ်သော အသက် (၂၁)နှစ်အရွယ် အီဂျစ်နိုင်ငံသားနှင့် (၂၂)နှစ်အရွယ် တူနီးရှားနိုင်ငံသား တို့သည် အန်ဆာအယ်လ်ရှာရီယား အယ်လ်တူနီးရှားအဖွဲ့ဝင်များ ဖြစ်သည်ဆိုပြီး ဆီးရီးယား စာရွက် စာတမ်းများဖြင့် မလေးရှားသို့ ဝင်ရောက်ခဲ့သည်။ မြောက်အာဖရိကတွင် အခြေစိုက်သော အထက်ပါ အန်ဆာ အယ်လ်ရှာရီယားအဖွဲ့သည် နိုင်ငံအများအပြားတွင် တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သော နိုင်ငံတကာ အကြမ်းဖက် အဖွဲ့အစည်း ဖြစ်သည်ဟု ကုလသမဂ္ဂက သတ်မှတ်ထားသည်။

အခြားအီဂျစ်နိုင်ငံသား ငါးဦးသည် မွတ်စလင်ဘရားသား ဟုဒ် အယ်လ်အစ်ဝါနူလ် အဖွဲ့ဝင်များဖြစ်ပြီး အခြားအဖွဲ့ဝင်များသို့ နေစရာ၊ လမ်းစရိတ်နှင့် အလုပ်အကိုင်ရှာပေးပြီး အထောက်အပံ့ ပေးထားသည်။

ဆာရာဝပ်ပြည်နယ်တွင် ဖမ်းမိသော မလေးရှားနိုင်ငံသား နှစ်ဦးကို နိုင်ငံခြားတိုက်ခိုက်ရေးသမားများသို့ အကူအညီ ပေးမှုဖြင့် တရားစွဲထားသည်။ နိုင်ငံခြားသား ခုနစ်ဦးစလုံးကို မိခင်နိုင်ငံသို့ ပြန်ပို့ခဲ့ပြီး မလေးရှားတွင် နာမည် ပျက်စာရင်း သွင်းထားသည်။

—Ref: CNA