ကနီမြို့နယ်ပြည်ခိုင်ဖြိုးပါတီယင်းကျေးရွာအုပ်စုပါတီဆိုင်းဘုတ်တင်ပွဲကျင်းပ

 

ကနီ မတ် ၇

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ကနီမြို့နယ် ယင်းကျေးရွာ အုပ်စု ယင်းကျေးရွာ ရပ်/ကျေးပါတီ ဥက္ကဋ္ဌနေအိမ်၌ ပြည်ခိုင်ဖြိုး ပါတီဆိုင်းဘုတ်တင်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁ဝ နာရီက ကျင်းပ ခဲ့သည်။ ယင်းအခမ်းအနားကို ကနီမြို့နယ်ပါတီနာယက ဦးရှိန်၊ ဥက္ကဋ္ဌ ဦးကျန်ထွန်း၊ နယ်မြေတာဝန်ခံပါတီကော်မတီဝင်များ၊ရပ်မိရပ်ဖများ၊ ပါတီ ဝင်များတက်ရောက်ခဲ့ကြသည်။ ဆက်လက်၍ အမွှေးနံ့သာရေများဖြင့် ပက်ဖျန်းပြီး ဆိုင်းဘုတ်တင်ပွဲခမ်းအနားကို ကျင်းပခဲ့သည်။

ထို့နောက် တက်ရောက်လာသူများအား ပါတီမှထုတ်ဝေသော ပြည်ထောင်စုနေ့စဉ်သတင်းစာများ၊ အိတ်ဆောင်ပါတီ ပြက္ခဒိန်များနှင့် ပါတီသော့ချိတ်များပေးဝေးကာ အခမ်းအနားပြီးစီးခဲ့သည်။

အောင်မျိုးထွန်း