အတိုက်အခံခေါင်းဆောင် ဂျူအန်ဂွိုက်ဒို ဗင်နီဇွဲလားသို့ ပြန်ရောက်လာ

ဗင်နီဇွဲလားအတိုက်အခံ ခေါင်းဆောင် ဂျူအန်ဂွိုက်ဒိုသည် မတ် ၄ ရက်က ဗင်နီဇွဲလားသို့ ပြန်လည် ရောက်ရှိလာခဲ့ရာ ၎င်းကို ထောက်ခံသူထောင်ပေါင်းများစွာတို့က အလံများကို ဝှေ့ယမ်းကာ သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ကြသည်။

ဗင်နီဇွဲလားသမ္မတ နီကိုးလပ်စ်မာဒူရိုအစိုးရအဖွဲ့က ဂွိုက်ဒိုအားဖမ်းဆီးရန် ခြိမ်းခြောက် နေချိန်တွင် ၎င်းပြန်ရောက်လာခဲ့ခြင်းဖြစ်သည်။ ကျွန်ုပ်တို့အနေဖြင့် စွန့်စားမှုတစ်ခုကို ရင်ဆိုင်နေရခြင်းဖြစ်ပြီး ထိုအရာက ကျွန်ုပ်တို့ကို ရပ်တန့်သွားစေခြင်းငှာ မစွမ်းဆောင်နိုင်ကြောင်း နိုင်ငံပေါင်း ၅၀ ကျော်၏ ထောက်ခံမှုကို ရရှိထားသည့် မစ္စတာဂွိုက်ဒိုက ပြောကြားခဲ့သည်။

ဂွိုက်ဒိုကို ထောက်ခံအားပေးသူများ၊ မီဒီယာသမားများနှင့် မဟာမိတ်နိုင်ငံများမှ သံတမန်များက ကရာကတ်ရှိ နိုင်ငံတကာလေဆိပ်၌ ၎င်းကို ကြိုဆိုခဲ့ကြသည်။ ဂွိုက်ဒိုသည် သမ္မတ မာဒူရိုကို ဖြုတ်ချနိုင်ရေး ဖိအားများပိုမိုပေးရန်အတွက် လာမည့်စနေနေ့တွင် ဆန္ဒပြချီတက်စုဝေးမှုအသစ် လုပ်ဆောင်သွားရန် ကြေညာခဲ့သည်။

-Ref:AFP