ပြည်ထောင်စုနယ်မြေ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌနေပြည်တော်ခရိုင်နှင့် မြို့နယ်ရှစ်မြို့နယ် အစည်းအဝေးတက်ရောက်

 

နေပြည်တော် ဖေဖော်ဝါရီ ၁၉

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပြည်ထောင်စုနယ် မြေရုံး အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက် ၁ဝ နာရီက ပြည်ထောင်စု နယ်မြေ၊ နေပြည်တော်ခရိုင်နှင့် မြို့နယ်ရှစ်မြို့နယ်တို့ လစဉ်ပုံမှန် စုံညီအစည်းအဝေးသို့ ပြည်ခိုင်ဖြိုး ပါတီ ဗဟိုအလုပ်အမှုဆောင် ပြည်ထောင်စုနယ်မြေ ပါတီဥက္ကဋ္ဌ ဦးဝေလွင် တက်ရောက်ခဲ့သည်။

အစည်းအဝေးသို့ ပြည်ခိုင်ဖြိုး ပါတီ ဗဟိုအလုပ်အမှုဆောင်၊ပည်ထောင်စုနယ်မြေ ပါတီဥက္ကဋ္ဌ ဦးဝေလွင်၊ ပြည်ထောင်စုနယ်မြေ ပါတီနာယကများဖြစ်ကြသော ဦးခင်မောင်ဌေး၊ ဦးမှတ်ကြီး၊ ပြည် ထောင်စုနယ်မြေအတွင်းရေးမှူးဦးဌေးဝင်းနှင့်ပြည်ထောင်စုနယ်မြေကော် မတီဝင်များ၊ နေပြည်တော်ခရိုင်ပါတီဥက္ကဋ္ဌ ဦးအောင်နိုင်ဦးနှင့် ခရိုင် ကော်မတီဝင်များ၊ မြို့နယ်ရှစ်မြို့နယ်မှ ပါတီဥက္ကဋ္ဌများ၊ ပြည်ထောင်စု နယ်မြေလူငယ်တာဝန်ခံ ဦးထက်မင်းအောင်၊ ဗဟိုပြောရေးဆိုခွင့်ရှိသူ ဒေါ်ယဉ်မင်းမြင့်ဆွေတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

ပြည်ခိုင်ဖြိုးပါတီဗဟိုအလုပ်အမှုဆောင်ပြည်ထောင်စုနယ်မြေပါတီဥက္ကဋ္ဌ ကပါတီလုပ်ငန်းများတက်တက်ကြွကြွဆောင်ရွက်ကြရန်၊ပါတီဝင်အင်အား တိုးပွားရေး၊ပါတီအောင်နိုင်ရေးတို့အတွက်တိုင်းဒေသကြီး၊ခရိုင်တာဝန်ခံများ က မြို့နယ်များကို ဝိုင်းဝန်းဆောင်ရွက်ကြရန်၊ ပြည်သူ့အကျိုးပြု ပြည်သူ့ အခက်အခဲများကို တတ်နိုင်သည့်ဘက်က ဝိုင်းဝန်းဖြည့်ဆည်းဆောင်ရွက် ကြရန်၊ အားလုံးပြည့်စုံမှလုပ်မယ်ဆိုဘယ်တော့မှ လုပ်ဖြစ်မှာ မဟုတ် ကြောင်း၊ လုပ်စရာရှိသည်များကို စတင်လုပ်ဆောင်ကြရမည်ဖြစ်ကြောင်း၊ ပါတီအပေါ် သစ္စာရှိစွာဆောင်ရွက်ဖို့လိုကြောင်း ဆွေးနွေးမှာကြားခဲ့သည်။ ထို့နောက် တက်ရောက်လာကြသော ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ခရိုင်၊ မြို့နယ်များ၊ လူငယ်တာဝန်ခံနှင့် ဗဟိုပြောရေးဆိုခွင့်ရှိသူတို့က ပါတီဆိုင်ရာ လုပ်ငန်းစဉ်များဆွေးနွေးတင်ပြခဲ့ကြရာ ပြည်ထောင်စုနယ် မြေပါတီဥက္ကဋ္ဌနှင့် နာယကကြီးတို့က ဖြည့်စွက်ပေါင်းစပ်ဆောင်ရွက်ခဲ့ ကြပြီး မွန်းလွဲ ၁ နာရီခွဲတွင် စုံညီအစည်းအဝေးကျင်းပပြီးဆုံးခဲ့ကြောင်း သိရသည်။

အောင်အောင်(နေပြည်တော်