ဒဂုံမြောက်ပိုင်းပြည်ခိုင်ဖြိုးပါတီ မြန်မာ့ ရိုးရာထမနဲထိုးပြိုင်ပွဲသို့ ဗဟိုကော်မတီဝင် ရန်ကုန်တိုင်းဒေသကြီးအမျိုးသမီးရေးရာတာဝန်ခံဒေါ်စန်းစန်းဝင်းတက်ရောက်
ရန်ကုန် ဖေဖေါ်ဝါရီ ၁၈
ရန်ကုန်တိုင်းဒေသကြီး၊အရှေ့ပိုင်းခရိုင်၊ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ယနေ့ညနေ၄နာရီအချိန်တွင် ရိုးရာမပျက် နှစ်စဉ်ကျင်းပနေမြဲဖြစ်သော မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။
ဒဂုံမြို့သစ် မြောက်ပိုင်း မြို့နယ်ရှိ ရပ်ကွက်များမှ ရပ်ကွက်ပါတီကော်မတီဝင်များနှင့် ပါတီဝင်လူငယ်မောင်မယ်များဖြင့် အုပ်စု (၅)စုခွဲ၍ ပြိုင်ပွဲကို စည်းလုံးညီညွတ် ချစ်ကြည်စွာဖြင့်ကျင်းပခဲ့ကြပါသည်။ဒိုင်ချုပ်အဖြစ် ဒဂုံအရှေ့ပြည်ခိုင်ဖြိုးပါတီမှ ဦးမြင့်ခိုင်မှ ဆောင်ရွက်ပေးခဲ့ပြီး ဖိတ်ကြားထားသောဧည့်သည်တော်များမှ အကဲဖြတ်အမှတ်ပေးခဲ့ကြပြီး ဆုပေးပွဲ အခမ်းအနား ကို ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါထမနဲထိုးပြိုင်ပွဲသို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဗဟိုကော်မတီဝင် ဒေါ်စန်းစန်းဝင်း၊အရှေ့ပိုင်းခရိုင်အတွင်းရေးမှူးဒေါ်ဇာခြည်လင်း၊ခရိုင်ကော်မတီဝင်ဦးလှမျိုးတို့တက်ရောက်အားပေး ဆုပေးခဲ့ကြပြီး ဒဂုံမြောက်ပိုင်းပြည်ခိုင်ဖြိုးပါတီမှ မြို့နယ် ပါတီအတွင်းရေးမှူးဦးသန်းစိုးမှ ပြိုင်ပွဲကျင်းပရသည့်ရည်ရွယ်ချက်အမှာစကားကိုပြောကြားခဲ့ပါသည်။ မြို့နယ်ပါတီကော်မတီဝင်များမှ မိမိသက်ဆိုင်ရာအုပ်စုအလိုက် ကြီးကြပ်ခဲ့ကြပြီး ပြိုင်ပွဲဝင်ပါတီဝင်များမှ သတ်မှတ်စည်းကမ်းနှင့်အညီ ပျော်ရွှင်စွာဖြင့် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲအား ကျင်းပပြုလုပ်ခဲ့ကြကြောင်းသိရှိရပါသည်။
ပြိုင်ပွဲတွင် ဆုရရှိသောရပ်ကွက်များအား ပထမဆု ၊ဒုတိယဆု၊တတိယဆုနှင့်နှစ်သိမ့်ဆုအသီးသီးအား ပေးအပ်ခဲ့ကြကြောင်းလည်းသိရှိရပါသည်။