လူမစုံပေမယ့် အိုးထရက်ဖို့ဒ်မှာ လွယ်လွယ်ကူကူနိုင်ခဲ့တဲ့ PSG
ပြင်သစ်ချန်ပီယံ PSGအတွက်တော့ လူစုံ မပါနိုင်ပေမယ့် အိုးထရက်ဖို့ဒ်မှာ လွယ်လွယ်နဲ့ပဲ နိုင်ခဲ့ပါတယ်။ အထူးသဖြင် လူငယ်ကစားသမား ကီလီယန် အမ်ဘတ်ပေကို မထိန်းနိုင်ခဲ့သလို ဗာရက်တီရဲ့ ကွင်းလယ်ပိုင်းကိုလည်း မယှဉ်နိုင်ဘဲ ရှုံးခဲ့တာပါ။
ဒီပွဲမှ ယူနိုက်တက်ဖက်က ဂိုးသမား ဒါးဗစ် ဒဟေးရာ လက်စွမ်းပြနိုင်ခဲ့လို့ ဆိုးလ်ရှားရဲ့ အသင်း ဒီထက် ပိုပြီး ဂိုးပြတ် မရှုံးတာ ဖြစ်ပါတယ်။
ပွဲအတွင်းမှာ PSG ဟာ တည်တည်ငြိမ်ငြိမ်နဲ့ ကစားခဲ့ပြီး ယူနိုက်တက် ခံစစ်ပိုင်းကို တောက်လျောက် ဖိအားပေးနိုင်ခဲ့တာပါ။ အသင်းဟောင်းကို ပြန်လည် ရင်ဆိုင်ခဲ့ရတဲ့ ဒီမာရီယာ တစ်ယောက် အကောင်းဆုံး ခြေစွမ်းပြခဲ့သလို ဒုတိယဂိုးကိုလည်း ဖန်တီးပေးနိုင်ခဲ့ပါတယ်။
PSG အတွက် ဂိုးတွေကို ဒုတိယပိုင်း ၅၃မိနစ်မှာ နောက်ခံလူ ကမ်ပီဘေနဲ့ ၆၀မိနစ်မှာ အမ်ဘတ်ပေက သွင်းခဲ့ကြတာ ဖြစ်ပါတယ်။ ဒီပွဲမှာ ဒါးဗစ် ဒဟေးရား လက်စွမ်းပြခဲ့လို့ PSG နောက်ထပ် ဂိုးမရခဲ့တာပါ။ ယူနိုက်တက်ဖက် ဒုတိယပိုင်း ပြီးခါနီးမှာ ပေါ့ပ်ဘာ အထုတ်ခံခဲ့ရလို့ ဒုတိယအကျော့ပွဲကို လွဲချော်တော့မှာ ဖြစ်ပါတယ်။
ချန်ပီယံလိဂ်မှာ အောင်မြင်မှု ကြီးကြီးမားမား မရှိပေမယ့် ဒီဖက်နှစ်တွေမှာ ထိပ်တန်းအသင်းကြီး ဖြစ်လာတဲ့ PSG ဟာ ယူနိုက်တက်ကို ဥရောပမှာ တစ်ဆင့်နိမ့်တဲ့ အသင်းတစ်သင်းဖြစ်ကြောင်း ပြသခဲ့တာပါ။ ယူနိုက်တက် အတွက်တော့ အိမ်ကွင်း ၂ဂိုးပြတ်ရှုံးပွဲကြောင့် ပြိုင်ပွဲက ထွက်ရလုနီးပါ ဖြစ်သွားခဲ့ပြီ ဖြစ်ပါတယ်။
အခြားပွဲမှာတာ့ ရိုးမားက ဆယ်ကျော်သက် လူငယ်ကစားသမား ဇန်နီအိုလာရဲ့ ၂ဂိုနဲ့ ပေါ်တိုကို ၂-၁ဂိုးနဲ့ နိုင်ခဲ့ပါတယ်။
-Ref: Goal.com