ရန်ကုန်တိုင်းဒေသကြီးပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဆူးလေစေတီတော် ဗုဒ္ဓပူဇနိယပွဲတော်တွင်ဆွမ်းဆန်စိမ်းလောင်းလှူ

 

ရန်ကုန် ဇန်နဝါရီ ၂၇

ရန်ကုန်တိုင်းဒေသကြီး ကျောက် တံတားမြို့နယ်ရှိ ဆံတော်ရှင်ဆူးလေစေတီ တော်၏ (၁ဝ၇)ကြိမ်မြောက် ဗုဒ္ဓပူဇနိယ ပွဲတော်တွင် သံဃာတော်အရှင်မြတ်များနှင့် သီလရှင်ဆရာကြီးဆရာလေးများ ဆွမ်း ဆန်စိမ်းလောင်းလှူပွဲကို ယမန်နေ့ မွန်းလွဲ ၃နာရီက ဆူးလေစေတီတော်တွင် ကျင်းပ ကြောင်း သိရသည်။

အဆိုပါ ဆွမ်းဆန်စိမ်းလောင်းလှူပွဲသို့ ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဒေါက်တာကျော်စိုး၊ ဗဟို ကော်မတီဝင်ဒေါ်သင်းသင်းမိုးနှင့် တိုင်း ဒေသကြီး ပါတီကော်မတီဝင် ဦးမိုးဝင်း ကျော်၊ ခရိုင်ပါတီဥက္ကဋ္ဌဦးနေဝင်းနှင့် ခရိုင် ပါတီကော်မတီဝင်များ၊မြို့နယ်(၁၃) မြို့နယ်မှ မြို့နယ်ပါတီဥက္ကဋ္ဌများ၊ ပါတီ ကော်မတီဝင်များတက်ရောက်၍ ငွေကျပ် ၃၆ သိန်းတန်ဖိုးရှိ ဆွမ်းဆန်စိမ်းနှင့် ဒါတဗ္ဗ ဝတ္ထုများ စုပေါင်းလောင်းလှူခဲ့ကြကြောင်း သိရသည်။

ထိန်ဝင်း(YGN)