ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ဓမ္မစကြာတရားစာအုပ်များလှူဒါန်း

 

ပျော်ဘွယ် ဇန်နဝါရီ ၂၇

မန္တလေးတိုင်းဒေသကြီး ပျော် ဘွယ်မြို့နယ်အတွင်းရှိ ဓမ္မစကြာ ဝတ်အသင်းများသို့ ဓမ္မစကြာ တရားစာအုပ်များ လှူဒါန်းပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ပျော် ဘွယ်မြို့ ရှမ်းပွဲရပ်ကွက် ရာပြည့် သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပ ခဲ့ရာ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ် အမှုဆောင် ပျော်ဘွယ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးနှင့် ဇနီးဒေါက်တာ သင်းမျိုးမျိုးအောင်တို့တက်ရောက် လှူဒါန်းခဲ့ကြသည်။

လှူဒါန်းပွဲသို့ပျော်ဘွယ်မြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ပန်းစုံ ကျောင်းဆရာတော် ဘဒ္ဒန္တအာသဖ အမှူးပြုသောမြို့နယ်သံဃနာယက အဖွဲ့ဝင်ဆရာတော်ကြီးများ ကြွ ရောက်တော်မူပြီး ဒုမြို့နယ်အုပ်ချုပ် ရေးမှူး ဦးအောင်ပြည့်စုံဝင်း၊ မြို့ နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးမြင့်လွင်၊ မြို့မိမြို့ဖများ၊ မြို့နယ်သာသနာ့ နုဂ္ဂဟအသင်းဥက္ကဋ္ဌ ဦးဘညွန့်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အတွင်း ရပ် ကွက်နှင့် ကျေးရွာအုပ်စု ၈၄ ခုမှ အုပ်ချုပ်ရေးမှူးများ၊ ဓမ္မစကြာ ဝတ်အသင်းသူများ တက်ရောက်ခဲ့ ကြသည်။ နမောတဿ သုံးကြိမ် ရွတ်ဆိုပူဇော်၍ လှူဒါန်းပွဲကိုဖွင့် လှစ်ပြီး မြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော်ထံမှ ငါးပါးသီလ ကို ခံယူဆောက်တည်ကြသည်။ မြို့နယ်သံဃနာယကအဖွဲ့ဒုဥက္ကဋ္ဌ ရန်အောင်ဇေယျတောင် တောရ ဆရာတော်က သြဝါဒချီးမြှင့်ပြီး ပါတီဗဟိုအလုပ်အမှုဆောင်က ဓမ္မစကြာစာအုပ်များ လှူဒါန်းရ သည့် အကြောင်းနှင့် လှူဒါန်းပွဲဖြစ် မြောက်အောင်ဆောင်ရွက်ခဲ့မှုတို့ကို ရှင်းလင်းလျှောက်ထားပြောကြား သည်။ ဆက်လက်၍ ဗဟိုအလုပ် အမှုဆောင်နှင့်ဇနီး၊ ဒုမြို့နယ်အုပ် ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် တာဝန်ရှိသူများက တရားစာအုပ် များ ရပ်ကွက်ကျေးရွာအုပ်စု တစ်ခုချင်း၊ ဝတ်အသင်းတစ်ခု ချင်းတို့ကိုပေးအပ်လှူဒါန်းခဲ့ကြ သည်။

အဆိုပါလှူဒါန်းပွဲကို နယ် လှည့်သစ္စာဓိဋ္ဌာန်စတုဒိသာ နတ် စင်တစ်ရာဆရာတော်နှင့် ပါတီ ဗဟိုအလုပ်အမှုဆောင် ဦးသောင်း အေးမိသားစုတို့၏အကျိုးဆောင်မှု ဖြင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ပထုံဌာနီဓမ္မကာယ ကျောင်းပဓာန နာယကဆရာတော် ဘဒ္ဒန္တဓမ္မဇေ ယျာနှင့် သာသနာပြုမိသားစုများ လှူဒါန်းသည့်စာအုပ်များဖြစ်ပြီး စာအုပ်၅ဝဝဝကိုလှူဒါန်းခဲ့ကြောင်း သိရသည်။

ဦးမျိုး(ပျော်ဘွယ်)