ဒဂုံမြို့သစ်(တောင်ပိုင်း) ပြည်ခိုင်ဖြိုးပါတီ လူငယ်ထုတွေ့ဆုံ

 

ရန်ကုန် ဇန်နဝါရီ ၁၃

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် ပြည်ခိုင်ဖြိုးပါတီ လူငယ်ထုတွေ့ဆုံပွဲ အခမ်းအနားကို မြို့နယ်ပါတီရုံးတွင် ယမန်နေ့မွန်းလွဲ ၁နာရီ တွင် ကျင်းပကြောင်း သိရသည်။

အဆိုပါတွေ့ဆုံပွဲသို့ ရန်ကုန်တိုင်း ဒေသကြီး ပါတီကော်မတီဝင် လူငယ် ရေးရာတာဝန်ခံ ဦးမိုးဝင်းကျော်၊ ရန်ကုန် တိုင်းလူငယ်လှုပ်ရှားမှုတာဝန်ခံဒေါက်တာ ဇော်လင်းပြုံး၊ အရှေ့ပိုင်းခရိုင် ဘဏ္ဍာ ရေးမှူး ဦးဝဏ္ဏမျိုး၊ ခရိုင်လူငယ်ရေးရာ တာဝန်ခံ ဒေါ်ယဉ်ချောလှိုင်၊ မြို့နယ်ပါတီ ဥက္ကဋ္ဌ ဒေါ်စမ်းစမ်းဌေးနှင့် မြို့နယ်ကော် မတီဝင်များ၊ အရန်ကော်မတီဝင်များ၊ ရပ်ကွက်ပါတီဥက္ကဋ္ဌနှင့် လူငယ်ခေါင်း ဆောင်များ တက်ရောက်ခဲ့ကြသည်။

အစီအစဉ်အရ တိုင်းဒေသကြီး လူငယ်ရေးရာတာဝန်ခံဦးမိုးဝင်းကျော်က လူငယ်ရေးရာကဏ္ဍများအား အကျယ် တဝင့် ဆွေးနွေးသည်။ ထို့နောက် တိုင်း လူငယ်လှုပ်ရှားမှုတာဝန်ခံ ဒေါက်တာ ဇော်လင်းပြုံးက ညီလာခံအတွေ့အကြုံများ ရှင်းလင်းပြောကြားပြီး အရှေ့ပိုင်းခရိုင် လူငယ်ရေးရာတာဝန်ခံ ဒေါ်ယဉ်ချောလှိုင် က လူငယ်နှင့်သတင်းမီဒီယာကဏ္ဍများ အား ပြောကြားသည်။

ထို့နောက် မြို့နယ်ပါတီဥက္ကဋ္ဌ ဒေါ် စမ်းစမ်းဌေးက အမှာစကားပြောကြားပြီး မြို့နယ်လူငယ်ရေးရာတာဝန်ခံ ဦးဇော် မင်းထွန်းက လူငယ်ရေးရာ ဖွဲ့စည်းပုံနှင့် တိုးချဲ့ဖွဲ့စည်းသည့်လူငယ်များနှင့် ပတ် သက်သည်များအားပြောကြား၍ တက် ရောက်လာသော လူငယ်ခေါင်းဆောင် များက ရပ်ကွက်အလိုက်မိတ်ဆက်စကား ပြောကြားသည်။

ဆက်လက်၍အရှေ့ပိုင်းခရိုင် အတွင်း ရေးမှူးဒေါ်ဇာခြည်လင်းက တင်ပြလာ သည်များကို ပြန်လည်ရှင်းလင်းဆွေးနွေး ပြီး တွေ့ဆုံပွဲကို ရုပ်သိမ်းခဲ့ကြကြောင်း သိရသည်။

ဇော်မင်းထွန်း(ဒဂုံတောင်)