ထရန့်၏ နယ်စပ်နံရံနှင့် ပတ်သက်သော အငြင်းပွားမှုအတွင်း အစိုးရအဖွဲ့ တစ်စိတ်တစ်ပိုင်း ပိတ်သိမ်း

အမေရိကန်−မက္ကဆီကို နယ်စပ်တံတိုင်းကာရံနေသော လုပ်သားများကို တွေ့ရစဉ် (Carlos Garcia Rawlins / REUTERS)

 

မက္ကဆီကိုနယ်စပ် တစ်လျှောက် နံရံတစ်ခုတည် ဆောက်ရေး လွှတ်တော်က ကန် ဒေါ်လာ ငါးဘီလီယံ ခွင့်ပြုပေးရန် သမ္မတဒေါ်နယ်ထရန့်၏ တောင်းဆိုမှုနှင့်ပတ်သက်သည့် ပြင်းထန်သော အငြင်းပွားမှုတစ်ရပ်အတွင်း အမေရိကန် အစိုးရအဖွဲ့ သည် စနေနေ့ နံနက်က တစ်စိတ် တစ်ပိုင်း ပိတ်သိမ်းခဲ့သည်။

သောကြာနေ့က ဘဏ္ဍာရေး သဘောတူညီချက်တစ်ရပ် ရယူရန် မအောင်မြင်ဖြစ်ခဲ့ပြီးနောက် လွှတ်တော် ခေါင်းဆောင်များနှင့် အိမ်ဖြူတော်က ခရစ္စမတ်အားလပ်ရက် မတိုင်မီ အစိုးရအဖွဲ့ပိတ်သိမ်းမှု အဆုံးသတ်ရေး သဘောတူညီချက်တစ်ရပ် ရှာဖွေရန်သီတင်းပတ် ကုန်ရက်များတွင် ဆက်လက်ဆွေးနွေးမည်ဟု ကတိပြု ထားသည်။

ဒီမိုကရက်တစ်နှင့် ရီပက်ဘလေကန်လွှတ်တော်အမတ်များက လျှော့ချခဲ့သော ကာလတိုရန်ပုံငွေ သဘောတူညီမှု တွင် နယ်စပ် နံရံအတွက် ကန်ဒေါ်လာငါးဘီလီ ယံပါဝင်မှု မရှိခဲ့သဖြင့် ထရန့်က သဘောတူရန် ငြင်းဆိုပြီးနောက် အစိုးရအဖွဲ့ လုပ်ငန်းအချို့ ရပ်ဆိုင်းမှုထွက် ပေါ်လာခြင်းဖြစ် သည်။

ဇန်နဝါရီ ၃ ရက်က ဒီမိုကရက်တို့ လွှဲပြောင်းမကြီးစိုးမီက ရီပက်ဘလေကန်တို့ လူများစုနေ ရာရှိခဲ့သည့် အမေရိကန် အောက်လွှတ်တော်က ကန်ဒေါ်လာ ငါး ဘီလီယံပါဝင်သော ဥပဒေတစ်ရပ်ကို ပြဋ္ဌာန်းခဲ့သော်လည်း အထက်လွှတ်တော်တွင် ပိတ်မိနေကာ သောကြာနေ့ ညဥ့်သန်း ခေါင်က အစိုးရအဖွဲ့ တစ်စိတ် တစ်ပိုင်းပိတ်သိမ်းမှု စတင်ခဲ့သည်။

ဖက်ဒရယ်အစိုးရ စီမံကိန်းများ၏ လေးပုံသုံးပုံခန့်သည် လာမည့်နှစ် စက်တင်ဘာ ၃၀ ရက် အထိ ရန်ပုံငွေ ရထားပြီး ဖြစ်သော်လည်း ပြည်တွင်းလုံခြုံရေးဌာန၊ တရားရေးနှင့် စိုက်ပျိုးရေးဌာနတို့ အပါအဝင် အခြားဌာနများအတွက် ရန်ပုံငွေ ခွင့်ပြုမှုသည် သောကြာနေ့ ညဥ့်သန်းခေါင်က သက်တမ်းကုန်ခဲ့သည်။

ဖက်ဒရယ်ဥယျာဉ်များ ပိတ်ထားမည်ဖြစ်ကာ ယင်းအေဂျင်စီများရှိ မရှိ မဖြစ်လိုအပ်သည့် ဖက် ဒရယ် အလုပ်သမား ၄၀၀,၀၀၀ ကျော်သည် ယင်းအငြင်းပွားမှု မဖြေရှင်းနိုင်မီအထိ လစာမရဘဲ အလုပ်လုပ်ရမည်ဖြစ်သည်။ နောက်ထပ်လူ ၃၈၀,၀၀၀ ယာယီ အနားပေးခံရမည်ဖြစ်သည်။

တရားဥပဒေစည်းကြပ်ရေး ကြိုးပမ်းမှုများ၊ နယ်စပ်ကင်းလှည့်ခြင်းများ၊ စာပို့ခြင်းနှင့် လေဆိပ် လုပ်ငန်းစဉ်များ ဆက်လက် လည်ပတ်နေမည်ဖြစ်သည်။

ယင်းပိတ်သိမ်းရမှု အဆုံးသတ်ရေး လွှတ်တော်နှစ်ရပ်စလုံး သည် ထရန့်၏အဖွဲ့နှင့် ရီပက်ဘလေကန်၊ ဒီမိုကရက်တစ်ခေါင်းဆောင်များအကြား ညှိနှိုင်းထားသည့် သဘောတူညီမှုကို အတည် ပြုရမည်ဖြစ်သည်။

—Ref:Reuters