ကမ္ဘာတစ်ဝန်း ယခုနှစ်အတွင်း ဂျာနယ်လစ် ၅၃ ဦး သတ်ဖြတ်ခံရ၊ သုံးနှစ်အတွင်း အများဆုံးဖြစ်

ဆော်ဒီဂျာနယ်လစ် ကာရှော့ဂီ ပျောက်ဆုံးနေပြီးနောက် ၎င်း၏ပုံများကို ကိုင်ဆောင်ကာ အစ္စတန်ဘူလ်မြို့ ဆော်ဒီကောင်စစ်ဝန်ရုံးအပြင်ဘက်တွင် ဆန္ဒပြနေသော လူ့အခွင့်အရေးအဖွဲ့ (IHD)၏ အဖွဲ့ဝင်များ (BULENT KILIC / AFP)

 ၂၀၁၈ အတွင်း ကမ္ဘာတစ်ဝန်း ဂျာနယ်လစ် ၅၃ ဦး သတ်ဖြတ်ခံရပြီး သတ်ဖြတ်ခံရသည့် သတင်းထောက် ဦးရေနှစ်ဆခန့် မြင့်တက်လာကာ သုံးနှစ်အတွင်း အများဆုံးဖြစ်ကြောင်း ဂျာနယ်လစ်များ ကာကွယ်ရေး ကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။

 ဇန်နဝါရီ ၁ ရက်နှင့် ဒီဇင် ဘာ ၁၄ ရက်ကြား ဂျာနယ်လစ် များ သေဆုံးမှုသည် ၂၀၁၇ က ၄၇ဦးနှင့် ၂၀၁၆ က ၅၀ ဦးရှိခဲ့ရာမှ မြင့်တက်လာခြင်းဖြစ်သည်။

ယင်းကော်မတီက အလုပ် နှင့်ဆက်စပ်၍ လက်တုံ့ပြန်ခံရပြီး သေဆုံးမှု (၂၀၁၈ က ၃၄ ဦး) တိုက်ခိုက်မှုအတွင်း (သို့မဟုတ်) နှစ်ဖက်ပစ်ခတ်မှုအတွင်း သေဆုံး မှု ၁၁ ဦး၊ အကြမ်းဖက်ဆန္ဒပြပွဲ များကဲ့သို့ အန္တရာယ်ရှိသော ဖြစ် ရပ်များအကြောင်း သတင်းရယူ စဉ် သေဆုံးမှုရှစ်ဦး အစရှိသော သေဆုံးမှု ပုံစံသုံးမျိုးကို လေ့လာ ခဲ့သည်။

၂၀၁၇ က လက်တုံ့ပြန်ခြင်း ကြောင့် သေဆုံးသူ ၁၈ ဦးရှိခဲ့ရာ မှ ၂၀၁၈ အတွင်း ၃၄ ဦးအထိ ရှိလာပြီး နှစ်ဆခန့် ပိုများလာ ကြောင်း ယင်းအဖွဲ့အစည်းက ထောက်ပြသည်။

ယင်းကဲ့သို့ သတ်ဖြတ်ခံရမှု ၂ နှစ်အကြာ လျော့ကျပြီးနောက်  မကြာမီက မြင့်တက်လာသော် လည်း ဂျာနယ်လစ်များကို ထိန်း သိမ်းမှု များစွာမြင့်တက်လာ ကြောင်း ဂျာနယ်လစ်များ ကာ ကွယ်ရေးကော်မတီ (CPJ) က ပြောသည်။

၂၀၁၈ အတွင်း ဂျာနယ်လစ် များ သေဆုံးမှု မြင့်မားလာခြင်းနှင့် အကျဉ်းချခံရမှု မြင့်မားလာခြင်း ကြောင့် ဂျာနယ်လစ်အခွင့်အ ရေးနှင့် ဘေးကင်းလုံခြုံရေးတို့ နှင့် ပတ်သက်ပြီး နိုင်ငံတကာ ဦးဆောင်မှုမရှိသဖြင့် CPJ က အပြစ်တင်ထားသည်။

 —Ref: UPI