ဘီဘီစီ၏အားကစားပုဂ္ဂိုလ်ကျော်ဆုကို ဂါးရီးယန်းသောမတ်စစ်ရရှိ

ဗြိတိန်စက်ဘီးစီးအားကစားသမား ဂါးရီးယန်းသောမတ်စ် သည် ဘီဘီစီမှ ချီးမြှင့်သော ၂၀၁၈ ခုနှစ်အတွက် အားကစားပုဂ္ဂိုလ်ကျော်ဆုကို ဆွတ်ခူးရရှိခဲ့သည်။

အဆိုပါဆုအတွက် ပြိုင်ကားမောင်းသမား လူးဝစ်ဟာမီလ်တန် နှင့် စပါးတိုက်စစ်မှူး ဟယ်ရီကိန်း တို့မှာ ရေပန်းစားခဲ့သော်လည်း ဂါးရီးယန်းသောမတ်စ် က ၄င်းတို့ကို ကျော်ဖြတ်နိုင်ခဲ့ခြင်းဖြစ်သည်။

ဂါးရီးယန်းသောမတ်စ် သည် တိုးဒီဖန့်စက်ဘီးစီးပြိုင်ပွဲတွင် ချန်ပီယံဖြစ်ခဲ့သည်။ ထို့ကြောင့် အသက် ၃၂ နှစ်ရှိသော သောမတ်စ် သ်ည ယင်းပြိုင်ပွဲ၌ ဗိုလ်စွဲသည့် သုံးဦးမြောက် ဗြိတိန်သား ဖြစ်ခဲ့သည်။

—Ref: BBC