ပြည်ခိုင်ဖြိုးပါတီဌာနချုပ်သို့ အမျိုးသမီးညီလာခံ (၂ဝ၁၈) တက်ရောက်ရန် တိုင်းဒေသကြီး နှင့် ပြည်နယ်အသီးသီးမှ ကိုယ်စားလှယ်များရောက်ရှိ
နေပြည်တော်၊ ဒီဇင်ဘာ ၁ဝ
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အမျိုးသမီးညီလာခံ (၂ဝ၁၈) ကို ယခုလ ၁၁ ရက်နေ့တွင် စတင် ပြုလုပ်မည်ဖြစ်ရာ ညီလာခံတက်ရောက်ကြမည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ အမျိုးသမီးညီလာခံကိုယ်စား လှယ်များ နေပြည်တော်ရှိ ပါတီဌာနချုပ်သို့ ယနေ့ရောက်ရှိလာခဲ့ကြသည်။
အဆိုပါအမျိုးသမီးညီလာခံကို ယခုလ ၁၁ ရက်မှ ၁၂ ရက်အထိ ပြုလုပ်မည်ဖြစ်ပြီး ယင်းအမျိုးသမီးညီလာခံ (၂ဝ၁၈) သို့ တိုင်းဒေသကြီးများဖြစ်ကြသော စစ်ကိုင်း၊ တနင်္သာရီ၊ ပဲခူး၊ မကွေး၊ မန္တလေး၊ ရန်ကုန်၊ ဧရာဝတီတိုင်း ဒေသကြီးများ၊ နေပြည်တော်ပြည်ထောင်စုနယ်မြေတို့မှ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အမျိုးသမီး ကိုယ်စားလှယ်များ၊ ပြည်နယ်များဖြစ်ကြသည့် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်း စသည့်ပြည်နယ်များမှ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အမျိုးသမီးကိုယ်စားလှယ်များ တက်ရောက်ကြမည်ဖြစ်သည်။
သို့ဖြစ်၍ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီများမှ အမျိုးသမီး ညီလာခံ ကိုယ်စားလှယ်များ နေပြည်တော်သို့ လာရောက်ကြခြင်းဖြစ်သည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ်မှ ပါတီဝင်းအတွင်း အမျိုးသမီးဆောင်၊ အမျိုးသားဆောင်များ တွင် ပါတီနေရာချထားပေးရေးအဖွဲ့မှ အမျိုးသမီးညီလာခံကိုယ်စားလှယ်များကို နေရာချထားပေးမည်ဖြစ်ပြီး ယခုလ ၁၂ ရက်တွင် ကျင်းပမည့် အမျိုးသမီးညီလာခံ (၂ဝ၁၈) သို့ ပြည်တွင်းသတင်းမီဒီယာများအား ဖိတ်ကြား ထားပြီး လွတ်လပ်စွာ သတင်းရယူခွင့် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သာလှ (ပျဉ်းမနား)၊ ကိုကိုလွင်