ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဝင်ဆရာဝန်များ ကျေးရွာနေပြည်သူများအား အခမဲ့ကျန်းမာရေးဆေးကုသပေး
အောင်လံ နိုဝင်ဘာ ၂၈
မကွေးတိုင်းဒေသကြီး အောင် လံမြို့နယ် ရွှေပန်းတောအခြေစိုက် ရှိ ကျေးရွာနေ ပြည်သူများအား အခမဲ့ကျန်းမာရေး ကူညီစောင့် ရှောက်ပေးခြင်းလုပ်ငန်းကို ယနေ့ တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဦးတင်အောင်ချစ်နှင့်တိုင်းဒေသကြီး အရန် ကော်မတီဝင်ဦးတင်ဝင်းတို့ ဦးဆောင်၍ ပါတီဝင်ဆရာဝန်များ ဖြစ်ကြသောဒေါက်တာသန်းတင့် အောင်(ပါရဂူ)၊ဒေါက်တာနေမျိုးခိုင် (ပါရဂူ)၊ဒေါက်တာ နေမျိုးဇေယျာ တို့က ပြည်သူလူထု၂၃ဝဦးအား အခမဲ့ဆေးဝါး ကုသခြင်းကို ဆောင်ရွက်ခဲ့သည်။
အခမဲ့ကျန်းမာရေးကူညီစောင့် ရှောက်မှုလုပ်ငန်းအား မြို့နယ်ပါတီ ဥက္ကဋ္ဌ ဦးစန်းလွင်နှင့် မြို့နယ်ပါ တီကော်မတီဝင်များ၊ ရွှေပန်းတော ကျေးရွာမှ အုပ်ချုပ်ရေးမှူးနှင့် လူမှု ကူညီစောင့်ရှောက်ရေးအဖွဲ့များနှင့် အငြိမ်းစားကျန်းမာရေး ဆရာမကြီး များက ဝိုင်းဝန်းကူညီဆောင်ရွက် ပေးခဲ့ကြပြီး အခမဲ့ကျန်းမာရေး ကူညီစောင့်ရှောက်မှုအား ယခုလ ၂၉ရက်တွင် ဆက်လက်ကုသပေး သွားမည်ဖြစ်သည်။