ဒီဂီယာ ပီအက်စ်ဂျီသို့ ပြောင်းရွှေ့ပါက ကမ္ဘာ့လစာအများဆုံးဂိုးသမား ဖြစ်လာမည်

စပိန်ဂိုးသမား ဒေးဗစ် ဒီဂီယာသည် လက်ရှိမန်ယူနှင့် စာချုပ်သက်တမ်း ကုန်ချိန်တွင် လီဂူးဝမ်းချန်ပီယံ ပီအက်စ်ဂျီ သို့ ပြောင်းရွှေ့မည်ဖြစ်ကြောင်း အားကစား သတင်းဝက်ဘ်ဆိုက်များ က ဖော်ပြသည်။

ဒီဂီယာသည် စာချုပ်သက်တမ်းတိုးရန် တွန့်ဆုတ်နေသဖြင့် မန်ယူတွင် ၎င်း၏ အနာဂတ်မသေချာဖြစ်နေသည်။ ဒီဂီယာ(၂၈)နှစ် ၏ လက်ရှိစာချုပ်သည် ယခုရာသီကုန်တွင် သက်တမ်းကုန်မည် ဖြစ်သော်လည်း မန်ယူက နောက်ထပ် တစ်နှစ်ချုပ်ဆိုရေး သတ်မှတ်ချက်တစ်ရပ် ပါဝင်နေသည်။

သို့သော် ဒီဂီယာသည် ကမ္ဘာ့လုပ်ခလစာအများဆုံး ဂိုးသမား ဖြစ်လာရန် ပီအက်စ်ဂျီနှင့် ဇန်န၀ါရီအတွင်း အကြိုစာချုပ် သဘောတူညီရန် စီစဉ်ထားသည်။ ၂၀၁၅ က ရီးရဲလ်သို့ပြောင်းရန် နီးစပ်ခဲ့သော ဒီဂီယာသည် ပီအက်စ်ဂျီတွင် တစ်ပတ်လုပ်ခ ပေါင်သုံးသိန်း ရရှိမည်ဖြစ်သည်။

 ကမ္ဘာ့အကောင်းဆုံးဂိုးသမားအဖြစ် အများ၏ မှတ်ယူခြင်းခံရသူ ဒီဂီယာကို ဆက်ထိန်းထား နိုင်မည်လားဆိုခြင်းမှာ မသေချာဟု မန်ယူနည်းပြမော်ရင်ဟို ယခင်က ပြောကြားထားသည်။

ဒီဂီယာကို မန်ယူက ဗန်ဒါဆား၏ နေရာတွင် အစားထိုးရန် ၂၀၁၁ က ပေါင် ၁၈ သန်းဖြင့် ခေါ်ယူပြီး ၎င်းသည် ပရီးမီးယားလိဂ်၊ အက်ဖ်အေဖလား၊ လိဂ်ဖလားနှင့် ယူရိုပါလိဂ်ဖလားတို့ ရရှိထားသည်။

 ပီအက်စ်ဂျီက ဒီဂီယာကို ပေါင်သန်း ၆၀ ပေး၍ လေးနှစ် စာချုပ်ဖြင့် ခေါ်ယူရန်ပြင်ဆင်နေသည်။

၎င်းသည် လာမည့်နွေရာသီတွင် ပြောင်းရွှေ့ကြေးအလွတ် ဖြင့် ထွက်ခွာနိုင်မည်ဖြစ်သည်။

 အကယ်၍ ပီအက်စ်ဂျီသို့ ရောက်လာပါက ဒီဂီယာသည် တစ်နှစ်လျှင် ပေါင် ၁၅ ဒသမ ၅ သန်းရရှိမည်ဖြစ်သည်။ ပီအက်စ်ဂျီက ဂျူဗင်တပ်ဂိုးသမား ဘူဖွန် (၄၀)နှစ်ကို ပြီးခဲ့သည့်နွေရာသီက ခေါ်ယူထားသော်လည်း ၎င်းကို တစ်ရာသီသာ သုံးမည်ဖြစ်ကာ ဒီဂီယာနှင့် အစားထိုးမည်ဖြစ်သည်။

—Ref: Daily Mail