မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းနှင့် ကျူးဘားခေါင်းဆောင်တို့ တွေ့ဆုံ

ပြုံယမ်း နိုဝင်ဘာ ၅

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံ အန်းသည် မြောက်ကိုရီးယားနှင့် ကာလရှည်ကြာ မဟာမိတ်ဖြစ်ခဲ့သော ကျူးဘားနိုင်ငံမှ ခေါင်းဆောင်နှင့် တွေ့ဆုံ ခဲ့သည်။ ကျူးဘားသမ္မတ မီဂဲဒီရက်ဇ် ကန်နယ်သည် တနင်္ဂနွေနေ့က မြောက် ကိုရီးယားနိုင်ငံ မြို့တော်ပြုံယမ်းသို့ ရောက်ရှိခဲ့သည်။

လက်ရှိ အပြည်ပြည်ဆိုင်ရာတွင် ဖြစ်ပေါ်နေသော သိသာထင်ရှားသည့် ကိစ္စရပ်များကို နှစ်နိုင်ငံခေါင်းဆောင် များ ဆွေးနွေးခဲ့ကြကြောင်း မြောက် ကိုရီးယားအစိုးရ သတင်းအေဂျင်စီက ပြောသည်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်က ¤င်းအနေဖြင့် ကျူးဘားနိုင်ငံ နှင့်ညီအစ်ကို ဆက်ဆံရေးဖြင့် ဆက်ဆံ လိုသည်ဟု မြောက်ကိုရီးယား အာဏာရပါတီ၏ သတင်းစာတွင် ဖော်ပြထားသည်။

အမေရိကန်က ကျူးဘားနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှုပြုလုပ်ခဲ့ပြီး မကြာမီ ကျူးဘားခေါင်းဆောင်သည် ယခုလို ပြုံယမ်းသို့ သွားရောက်လည်ပတ် ခဲ့ခြင်းဖြစ်သည်။ ကျူးဘားသမ္မတ မီဂဲဒီရက်ဇ်ကန်နယ် အနေဖြင့် သမ္မတ နေရာရယူပြီးချိန်မှစ၍ ယခုတစ်ကြိမ် သည် ၄င်း၏ ပထမဦးဆုံး နိုင်ငံခြား ခရီးစဉ်ဖြစ်သည်။ ဆယ်စုနှစ် ခြောက်ခု ကြာ ဖီဒယ်ကတ်စထရိုနှင့် ရာအူးကတ် စထရိုတို့က တိုင်းပြည်ကိုဦးဆောင်ခဲ့ပြီးနောက် ဧပြီလမှစ၍ မီဂဲဒီရက်ဇ် ကန်နယ် အာဏာရလာခဲ့သည်။

-Ref: NHK