၂၀၁၈ – ကြားဖြတ်​​ရွေး​ကောက်​ပွဲတွင်​ ဝင်​​ရောက်​ယှဉ်​ပြိုင်​မည့် ရှမ်းတိုင်းရင်းသားလွှတ်​​တော်​ကိုယ်​စားလှယ်​​လောင်း မဲရုံကိုယ်​စားလှယ်​အဖြစ်​ ​ဆောင်​ရွက်​မည့်သူများ၊ ဝန်းရံအဖွဲ့များနှင့်​တွေ့ဆုံပွဲသို့ မြို့နယ်ပါတီဥက္ကဌ နှင့်အဖွဲ့ တက်ရောက်

 

(၃၀.၁၀.၂၀၁၈) ရက်​​နေ့ နံနက် ​(၉) နာရီအချိန်​တွင်​ အမရပူရမြို့နယ်​ပြည်​ခိုင်​ဖြိုးပါတီရုံး၌ ၂၀၁၈ – ကြားဖြတ်​​ရွေး​ကောက်​ပွဲတွင်​ ဝင်​​ရောက်​ယှဉ်​ပြိုင်​မည့် ရှမ်းတိုင်းရင်းသားလွှတ်​​တော်​ကိုယ်​စားလှယ်​​လောင်း မဲရုံကိုယ်​စားလှယ်​အဖြစ်​ ​ဆောင်​ရွက်​မည့်သူများ၊ ဝန်းရံအဖွဲ့များနှင့်တွေ့ဆုံပွဲကျင်းပပြုလုပ်​ရာ မြို့နယ်​ပါတီဥက္ကဋ္ဌ ပါတီ​ပြော​ရေးဆိုခွင့်​ရှိသူ ဦးသိန်းထွန်းဦး၊ အတွင်း​ရေးမှူး ​ဒေါ်​စောမြိုင်​နှင့်မြို့နယ်​​ကော်​မတီဝင်​များ၊ ရပ်​/​ကျေးဥက္ကဋ္ဌများ၊ မဲရုံကိုယ်​စားလှယ်​များ၊ ဝန်းရံအဖွဲ့များ တက်​​ရောက်​ခဲ့ကြပါသည်​။ အဆိုပါ​တွေ့ဆုံပွဲတွင်​ မြို့နယ်​ပါတီဥက္ကဋ္ဌ ဦးသိန်းထွန်းဦးမှ ​မဲရုံကိုယ်​စားလှယ်​များ ​ဆောင်​ရန်​၊ ​ရှောင်​ရန်​အချက်​များကို ဆွေး​နွေးမှာပြားခဲ့ပြီး ​အတွင်း​ရေးမှူး ​ဒေါ်​စောမြိုင်​မှ ​ရွေး​ကောက်​ပွဲ​နေ့တွင် ​လုပ်​​ဆောင်​ရမည့် အ​သေးစိတ်​အ​ခြေအ​နေများကို ​ဆွေး​နွေးခဲ့ပါသည်​။ ထို့​နောက်​ တက်​​ရောက်​လာကြ​သော ပါတီအဖွဲ့များမှ သိရှိလိုသည်​များကို ပြန်​လည်​​မေးမြန်း​ဆွေး​နွေးခဲ့ကြပါသည်​။