ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကျုံပျော်မြို့နယ် ပါတီဝင်အဆိုပြုလွှာပေးအပ်ပွဲအခမ်းအနားကျင်း

 

ကျုံပျော် အောက်တိုဘာ ၁၄

ဧရာဝတီတိုင်းဒေသကြီးပုသိမ် ခရိုင် ကျုံပျော်မြို့နယ် ပြည်ခိုင်ဖြိုး ပါတီသည် အဆိုပြုလွှာပေးအပ်ပွဲ အခမ်းအနားကို အထောင်တိုက်နယ် သစ်မသိကျေးရွာအုပ်စု အောင်ပန်း ကွင်းကျေးရွာတွင် ယမန်နေ့မွန်းလွဲ ၁ နာရီကကျင်းပခဲ့ရာ ကျေးရွာအုပ်စု မှ ပါတီဝင်သစ် ၂ဝ၄ ဦး ပါတီသို့ ဝင်ခွင့်ပြုရန်အတွက် ပါတီဝင်အဆို ပြုလွှာများ ပေးအပ်ခဲ့သည်။

အခမ်းအနားသို့ မြို့နယ်ပါတီ ဥက္ကဋ္ဌနှင့် မြို့နယ်ကော်မတီဝင်များ၊ အရန်ကော်မတီဝင်များ၊ ဖိတ်ကြား ထားသူများတက်ရောက်ကြသည်။

အခမ်းအနားတွင် မြို့နယ်ပါတီဥက္ကဋ္ဌ၊ နယ်မြေတာဝန်ခံများက ပါတီ၏မူဝါဒ၊ ရှေ့လုပ်ငန်းစဉ်များ၊ လက်ရှိနိုင်ငံရေးအခင်း အကျင်းများကို ရှင်းလင်းပြောကြားခဲ့ပြီး ပါတီဝင်အဆိုပြုလွှာကိုလက်ခံခဲ့သည်။ ပါတီဝင်များကိုယ်စား ပါတီဝင်တစ်ဦးက ပါတီသို့ဝင်ရောက်ရခြင်းအကြောင်းများ ရှင်းလင်းပြောကြားပြီး အခမ်းအနားကို မွန်းလွဲ ၂ နာရီ ၄၅ မိနစ်တွင် ကျင်းပ ပြီးမြောက်ခဲ့ကြောင်း သိရသည်။

သန်းနိုင်ဦး(ကျုံပျော်)