သုံးနိုင်ငံလက်ဝှေ့ပြိုင်ပွဲတွင် မြန်မာလက်ဝှေ့ကျော်များ အောင်ပွဲခံ

ရန်ကုန်မြို့တွင် ကျင်းပသည့် မြန်မာ – ထိုင်း – ဥဇ ဘက်ကစ္စတန် ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲ၌ မြန်မာ့လက်ဝှေ့ကျော် စိုးလင်းဦးက ထိုင်းလက်ဝှေ့ ကျော်ဖွားဆိုလကို တတိယအချီ ၌ အလဲထိုးဖြင့်အနိုင်ရခဲ့သည်။

အောက်တိုဘာ ၁၄ ရက်က သိမ်ဖြူအားကစားရုံတွင် ကျင်းပသည့် အဆိုပါ ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲ အဓိကတွဲဆိုင်း၌ စိုးလင်း ဦးနှင့် ဖွားဆိုလတို့ အကြိတ်အနယ်ထိုးသတ်ခဲ့သည်။

ပထမအချီတွင် စိုးလင်းဦး က ခေါင်းတိုက်ချက်များဖြင့် အ သာစီးထိုးသတ်နိုင်ပြီး ဖွားဆိုလ က အမှားစောင့်၍ ခြေကန်ချက် များဖြင့်သာ ယှဉ်ပြိုင်ခဲ့သည်။ ဒုတိယအချီတွင် စိုးလင်းဦး၏ လက်သီးချက်ကြောင့် ဖွားဆိုလ အနားတောင်းခဲ့ရပြီး ဒိုင်လူကြီး၏  အမှတ်စဉ်  ရေတွက်ခြင်းခံခဲ့ရ သည်။ တတိယအချီ၌ စိုးလင်းဦး က ၎င်း၏ ညာဝိုက်လက်သီးဖြင့် ဖွားဆိုလကို အလဲထိုးကာအနိုင် ရခဲ့သည်။

အခြားတွဲဆိုင်းများတွင် မြန်မာ့လက်ဝှေ့ကျော် သွေးသစ်ဝင်းလှိုင်က ထိုင်းလက်ဝှေ့ကျော်ဖစ် ဆာဇွန်ကို ဒုတိယ အချီအတွင်းအလဲထိုးဖြင့် အနိုင်ရခဲ့သည်။ ဖျံသွေး နှင့် ဥဇဘက်ကစ္စတန်လက်ဝှေ့ ကျော် တူတာဗို့တို့အရှုံး၊ အနိုင် အဖြေမပေါ်ဘဲ ပူးတွဲသရေကျခဲ့သည်။ ကျန်ပြည်တွင်းတွဲဆိုင်းများတွင် ကောင်းကောင်းက စိန်လုံးချောကို အလဲထိုးဖြင့် အနိုင်ရပြီး သက်ပိုင်အောင်နှင့် သပြေအောင်၊ လင်းထက်အောင်နှင့် စိုးဝင်းသန်းတို့ ပူးတွဲ သရေကျခဲ့သည်။

ရဲတံခွန်နှင့် ကျားပေါက် တွဲဆိုင်းတွင် ကျားပေါက်က ပြိုင်ပွဲရက်၌ နာမကျန်းဖြစ်သဖြင့်  ယင်းပွဲစဉ် ပျက်ပြယ်ခဲ့သည်။

မြန်မာ – ထိုင်း – ဥဇဘက်ကစ္စတန် ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲ ကို SkyNet  ရုပ်သံလိုင်းမှ တိုက်ရိုက်ပြသသည့်အပြင် ရုံတွင်း၌ လည်း ပရိသတ်အများအပြား လာရောက်အားပေးခဲ့သည်။

7Days