မကွေးမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ပါတီဝင်များနှင့်တွေ့ဆုံ လမ်းပြုပြင်ရေးအတွက် ဘိလပ်မြေအိတ်များထောက်ပံ့

 

မကွေး အောက်တိုဘာ ၇

မကွေးမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးအောင်သိန်းကျော်၊အတွင်း ရေးမှူး ဦးတင်မျိုးဇော်နှင့်မြို့နယ်ကော်မတီဝင် ဦးဝင်းနိုင်၊ ဦးတင်ဌေး အောင်၊ ဦးဝင်းမောင်၊ ဦးဝင်းခိုင်တို့သည် ယမန်နေ့မွန်းလွဲ ၁ နာရီတွင် မိကျောင်းရဲကျေးရွာရှိ ပါတီဝင်များနှင့်တွေ့ဆုံ၍ လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေးအခြေအနေများ၊ ရှေ့လုပ်ငန်းညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ပြီး လမ်းပြုပြင်မှုအတွက် လိုအပ်နေသော ဘိလပ်မြေအိတ် ၁ဝ လုံး၊ လုပ်အား ဒါနပြုနေသော ပါတီဝင်များအတွက် ပါတီတံဆိပ်ပါ အင်္ကျီအထည် ၂၅ ထည်ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

မင်းဇော်(မကွေး)