ပနန်ကျးရွာအုပ်စု ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်တင်အခမ်းအနား ကျင်းပပြုလု
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဌ ဦးစိုးစိုးထွန်းသည် မြို့နယ်ကော်မတီဝင်များ လိုက်ပါလျက် ယနေ့ နံနက် (၆း၃၀) နာရီအချိန်တွင် ပနန်ကျးရွာအုပ်စု ပြည်ခိုင်ဖြိုးပါတီဆိုင်းဘုတ်တင်ပွဲအခမ်းအနားကို ရပ်/ကျေး ပါတီကော်မတီဝင် ဦးဖိုးယုန် နေအိမ်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
ဆိုင်းဘုတ်တင်ပွဲအခမ်းအနားသို့ မြို့နယ်ပါတီဥက္ကဌ ဦးစိုးစိုးထွန်း၊ အတွင်းရေးမှူး ဦးဆွေဦး၊ စည်းရုံးရေးနယ်မြေတာဝန်ခံ ဦးသက်အောင်ချို နှင့်ကော်မတီဝင်များ ၊ ရပ်/ ကျေးပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးမောင်စိုးနှင့်ကော်မတီဝင်များ၊ လူငယ်ပါတီဝင်မောင်မယ်များနှင့် ဒေသခံများ၊ ရွာမိရွာဖများ တက်ရောက်ကြသည်။
ရှေးဦးစွာ မြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးစိုးစိုးထွန်းနှင့် အတွင်းရေးမှူး တို့က ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်အား မင်္ဂလာအချိန်အခါ နံနက် (၇း၀၀) နာရီအချိန်တွင် အမွှေးနံ့သာရည်များပတ်ဖြန်း၍ စိုက်ထူခဲ့ပြီး မြို့နယ်ပါတီ ဥက္ကဌမှ တက်ရောက်လာကြသော ဒေသခံများနှင့် ပါတီဝင်များအား ရင်းရင်းနှီးနှီးတွေ့ဆုံပြီး ယနေ့နိုင်ငံတော်တွင် ကုန်ဈေးနှုန်းကြီးမြင့်ခြင်းကြောင့် စားဝတ်နေရေးကြပ်တည်းမှုများ၊ တရားဥပဒေစိုးမိုးမှု အားနည်းလာခြင်းများကြောင့် ပြည်သူများ၏နေ့စဉ်ဘဝ မလုံခြုံတော့သည့် အခြေအနေများနှင့်ပတ်သက်ပြီး အကျယ်တဝင့် ဆွေးနွေးအမှာစကားပြောကြားကာ အခမ်းအနားကို “ပြည်ခိုင်ဖြိုးပါတီ အောင်ရမည် ” ဟု ကြွေးကြော်သံများဖြင့် ရုတ်သိမ်းခဲ့ပါသည်။