သဘာဝဘေးအန္တရာယ်များတွင် အချိန်နှင့်တစ်ပြေးညီ လူငယ်များ ပါဝင်ကူညီရေး မြောင်းမြတွင် တွေ့ဆုံဆွေးနွေး

 

ဧရာဝတီတိုင်းဒေသကြီးမြောင်း မြခရိုင် မြောင်းမြမြို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ယမန်နေ့နံနက်ပိုင်းတွင် မြောင်းမြမြို့ နယ် ပြည်ခိုင်ဖြိုးပါတီ လူငယ်တာဝန်ခံ ဦးအောင်နိုင်ဦးနှင့်အတူ လူငယ်အဖွဲ့ဝင်များသည် မြို့မနှင့် မြို့ဝန်းကျင်ရှိ သဇင်းကုန်းကြီးနှင့် မုဆိုးကွင်း၊ အမှတ် ၁၊ ၂၊ ၃၊ ၄၊ ၅၊ ၆၊ ၇၊ ၈၊ ၉၊၁ဝ၊ ကံကော်မြိုင်၊ မြရတနာ၊ မြစန္ဒာရပ်ကွက်များရှိ ရပ်/ကျေးပါတီကော်မတီဝင်များ၊ လူငယ်တာဝန်ခံများအား သွားရောက်တွေ့ဆုံပြီး လက်ရှိနိုင်ငံရေးအခြေအနေ၊ ဖြစ်ပေါ်နိုင်သော သဘာဝဘေးအန္တရာယ်များတွင် လူငယ်များအနေဖြင့် အချိန်နှင့်တစ်ပြေးညီ ပါဝင်ကူညီရေးတွေ့ဆုံဆွေးနွေးခဲ့သည်။

ထူးထူး(မြောင်းမြ)