ပြည်ထောင်စုနယ်မြေ ပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

 

နေပြည်တော် သြဂုတ် ၁၄

နေပြည်တော်ရှိ ပြည်ထောင်စု နယ်မြေပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီ၏ လုပ်ငန်းညှိ နှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါအစည်းအဝေးသို့ ပြည် ထောင်စုနယ်မြေ ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌဦးဝေလွင်၊ ပြည်ခိုင်ဖြိုးပါတီ ဌာနချုပ်ဗဟိုကော်မတီဝင်များဖြစ် သော ဦးခင်မောင်ဌေးနှင့်ဦးမှတ် ကြီး၊ ပြည်ထောင်စုနယ်မြေပြည် ခိုင်ဖြိုးပါတီအတွင်းရေးမှူး ဦးဌေး ဝင်းနှင့်ကော်မတီဝင်များ၊ နေပြည် တော်ခရိုင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးအောင်နိုင်ဦးနှင့်ကော်မတီဝင် များနှင့် မြို့နယ်ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌများတက်ရောက်ခဲ့ကြသည်။အစည်းအဝေးတွင် ပါတီဝင်လူငယ် များအား ရပ်ရွာအကျိုးပြုလုပ်ငန်း များတွင် တက်ကြွစွာပါဝင်ကူညီ ဆောင်ရွက်နိုင်ရေး ရေဘေးသင့် ဒေသများသို့ တတ်နိုင်သမျှ ဝိုင်းဝန်း ကူညီပါဝင်လှူဒါန်းကြကြောင်း သိရသဖြင့် လေးစားပါကြောင်း၊ ပါတီဝင်ကြေးများနှင့်ပါတီနှစ်စဉ် ကြေးများအား စည်းကမ်းတကျ မှတ်တမ်းစာရင်းဇယားများထားပြီး ပြည်ထောင်စုနယ်မြေ ပါတီငွေ စာရင်းသို့ ငွေသွင်းခြင်း စသည် ဖြင့် ပါတီလုပ်ငန်းများဆွေးနွေးခဲ့ ကြပြီး မွန်းလွဲ ၂ နာရီတွင် အစည်း အဝေးပြီးဆုံးခဲ့ကြောင်း သိရသည်။

ပေါ်ဦး(နေပြည်တော်)