ကျန်းမာရေးကိစ္စများအားပူးပေါင်းလုပ်ဆောင်ရာတွင်အသုံးပြုနိုင်ရန် သံတွဲခရိုင်ပြည်ခိုင်ဖြိုးပါတီက သံတွဲခရိုင်ကြက်ခြေနီတပ်ဖွဲ့သို့ ခြင်ဆေးဖျန်းစက်ပေးအပ်လှူဒါန်း
စစ်တွေ သြဂုတ် ၁၃
ရခိုင်ပြည်နယ် သံတွဲမြို့နယ် အတွင်းလူမှုရေး၊ ကျန်းမာရေးကိစ္စ ရပ်များအား ကူညီဆောင်ရွက်ပေး ရာတွင် ထိရောက်သောအထောက် အပံ့ဖြစ်စေရန်အတွက် သံတွဲခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီမှသံတွဲခရိုင်ကြက်ခြေနီတပ်ဖွဲ့ သို့ ခြင်ဆေးဖျန်းစက်အား ပေးအပ် လှူဒါန်းခဲ့ကြောင်း သိရသည်။
အဆိုပါခြင်ဆေးဖျန်းစက်အား ယနေ့ နံနံက်ပိုင်းက သံတွဲခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီရုံး အစည်းအဝေးခန်းမ အတွင်း သံတွဲခရိုင်ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌ ဦးကျော်ဇင်နှင့်အဖွဲ့က ကြက်ခြေနီအသင်းတာဝန်ရှိသူများ ထံပေးအပ်လှူဒါန်းခဲ့ခြင်းဖြစ်သည်။
”မြို့နယ်အတွင်းမှာ ပြည်သူ တွေလူမှုရေး၊ကျန်းမာရေး၊သဘာဝ ဘေးအန္တရာယ်တစ်ခုခု ဖြစ်လာပြီ ဆိုရင် ကျွန်တော်တို့ပါတီရယ်၊ ကြက်ခြေနီတပ်ဖွဲ့ရယ်၊ အမျိုးသမီး ရေးရာအဖွဲ့ရယ်စတဲ့ အသင်းအဖွဲ့ တွေဟာ တစည်းတလုံးတည်းနဲ့ ပြည်သူတွေအခက်အခဲကိုပူးပေါင်း ဆောင်ရွက်တာတွေ ရှိပါတယ်။ ဟိုတစ်နေ့ကဆိုလည်း ညောင်ပင် သာရွာက ဘုန်းကြီးကျောင်းတစ် ကျောင်းမှာ သွားပြီးတော့ ချုံနွယ် ပိတ်ပေါင်းတွေကိုခုတ်ထွင်ရှင်းလင်း ပြီးတော့မှ ခြင်ဆေးဖျန်းစက်နဲ့ ခြင် ဆေးဖျန်းတဲ့လုပ်အားဒါနတွေ လုပ် ဆောင်ခဲ့တာရှိပါတယ်။ ဒီလိုလုပ် ဆောင်တဲ့အခါထိထိရောက်ရောက် နဲ့လုပ်ဆောင်နိုင်ဖို့ ကျွန်တော်တို့ ပါတီက ဒီစက်ကိုလှူဒါန်းတာဖြစ် ပါတယ်။အဓိကတော့လူမှုပရဟိတ လုပ်ငန်းတွေကိုအတူတကွပူးပေါင်း လုပ်ဆောင်သွားဖို့ ရည်ရွယ်ချက်နဲ့ လှူဒါန်းတာဖြစ်ပါတယ်”ဟုသံတွဲ ခရိုင်ပါတီဥက္ကဋ္ဌ ဦးကျော်ဇင်က ပြောသည်။
အခမ်းအနားတွင် သံတွဲခရိုင် ကြက်ခြေနီတပ်ဖွဲ့ ကြီးကြပ်ရေး ကော်မတီဒုဥက္ကဋ္ဌဦးဝင်းကိုလေးနှင့် သံတွဲခရိုင် ကြက်ခြေနီတပ်ဖွဲ့မှူး ဦးသန်းထွန်းတို့က ကျေးဇူးတင် စကားပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ ခြင်ဆေးဖျန်းစက်ပေး အပ်ပွဲသို့ ပြည်နယ်ကော်မတီဝင် ဦးတင်မောင်သန်း (သံတွဲမြို့နယ် တာဝန်ခံ)၊ ခရိုင်ဥက္ကဋ္ဌ ဦးကျော်ဇင် နှင့် ခရိုင်ကော်မတီဝင်များ၊ မြို့နယ် ဥက္ကဋ္ဌဦးစန်းနိုင်နှင့် မြို့နယ်ကော် မတီဝင်များ၊ ရပ်/ကျေးဥက္ကဋ္ဌများ၊ သံတွဲခရိုင်ကြက်ခြေနီတပ်ဖွဲ့ ကြီး ကြပ်ရေးကော်မတီ ဒုဥက္ကဌဦးဝင်း ကိုလေး၊ သံတွဲခရိုင်ကြက်ခြေနီ တပ်ဖွဲ့မှူးဦးသန်းထွန်းနှင့်အဖွဲ့များ တက်ရောက်ခဲ့ကြသည်။
ကျော်မင်းစိုး