အမေရိကန်အပေါ် လက်တုံ့ပြန်အရေးယူရေး ရုရှားသမ္မတပူတင် မညွှန်ကြားသေးဟုဆို

ရုရှားအစိုးရအပေါ် အမေရိကန်အစိုးရက ပိတ်ဆို့အရေးယူမှုအသစ်များ မချမှတ်သေးသောကြောင့် ရုရှားသမ္မတ ဗလာဒီမာပူတင်က အမေရိကန်နိုင်ငံအပေါ် လက်တုံ့ပြန်ပိတ်ဆို့အရေးယူမှုများ ချမှတ်ရန် ယခုအချိန်အထိ မညွှန်ကြားသေးကြောင်းနှင့် ယင်းပိတ်ဆို့အရေးယူမှုများသည် မည်သည့်အရာများဟု မရှင်းလင်းသေးကြောင်း ရုရှားအစိုးရက ဩ ဂုတ် ၁၃ ရက်တွင် ပြောသည်။

ရုရှားအစိုးရအပေါ် ပိတ်ဆို့ အရေးယူမှုအသစ်များ ချမှတ်မည် ဟု ဩဂုတ် ၈ ရက်တွင် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ကြေညာခဲ့သည်။

ယင်းမှာ ပြီးခဲ့သည့်မတ်လ က ဗြိတိန်နိုင်ငံ၌ ရုရှားထောက် လှမ်းရေး ဝန်ထမ်းဟောင်းတစ်ဦးကို အဆိပ်ခတ် လုပ်ကြံမှုကြောင့်ဟုဆိုပြီး ယင်းစွပ်စွဲချက်ကို ရုရှား အစိုးရက ငြင်းဆန်ခဲ့သည်။

 အမေရိကန်နိုင်ငံအပေါ် လက်တုံ့ပြန် အရေးယူပိတ်ဆို့မှုများ ချမှတ်နိုင်ခြေနှင့်ပတ်သက်၍ ၎င်းတို့အနေဖြင့် ဆောင်ရွက်နေကြောင်း ရုရှားနိုင်ငံခြားရေးဝန် ကြီးဌာနက ပြောကြားထားသည်။

အမေရိကန်အပေါ် ရုရှား၏ တန်ပြန်အရေးယူ ဆောင်ရွက်မှု ဖြစ်နိုင်ခြေနှင့်ပတ်သက်၍ မေးမြန်းခံရစဉ် ရုရှားအစိုးရ ပြောရေး ဆိုခွင့်ရှိသူ ဒီမီထရီပက်စ်ကော့ဗ် က ယင်းသို့ပြောဆိုရန် စောလွန်းသေးကြောင်း ဖြေကြားခဲ့သည်။

‘‘အမေရိကန်က ကျွန်တော် တို့ကို အရေးယူပိတ်ဆို့မှုအသစ်တွေ ချမှတ်မယ်လို့ ကြေညာခဲ့ပါတယ်။ ပြီးတော့ ပိတ်ဆို့အရေးယူမှုတွေလုပ်ဖို့ ပြင်ဆင်နေတယ်။ ဒါမှမဟုတ် ပြင်ဆင်ထားပြီးဖြစ် တယ်ဆိုတဲ့ သတင်းလည်း ရထားပါတယ်။ ဒါပေမဲ့ အဲဒါတွေဟာ အခုအချိန်အထိ မချမှတ်သေးပါ ဘူး။ ရုရှားဘက်က ဘာကိုပြန်ပြီးတော့ ကန့်သတ်အရေးယူမလဲဆို တာနဲ့ပတ်သက်ပြီး ဘာမှ မရှင်းလင်းသေးဘူးဆိုတာ သိပ်ဟုတ်တာပေါ့’’ဟု ပက်စ်ကော့ဗ်က သတင်းထောက်များအား ပြောကြားသည်။

—Ref: Reuters